Part-3

281 23 0
                                    

Part-3

   ငှက်အော်သံ တကျီကျီနဲ့ မနက်ခင်းလေးက ဆောင်း၀င်တော့မည်ဆိုတော့ အေး၍နေသည်။ သွေးလည်း ကွေးနေရာမှ ထလာကာ ကျောင်းသွားဖို့ပြင်ဆင်ရတော့သည်။ ခွန်းကိုလည်း သူနိုးပြီးပြီ။ ‌အောက်မှာ မနက်စာစားဖို့ သူတို့နှစ်ယောက် ထမင်းကြော်စားကြရန် ပြင်ဆင်နေကြသည်။

" သွေး ညက အိပ်ပျော်ရဲ့လား?"
ပြုံးစိစိနဲ့ မေးလာတော့

" အိပ်ပျော်ပါတယ် ဘာဖြစ်လို့လဲ၊ မမေးစဖူးမေးနေတာ"

" မသိပါဘူး ညကများ သူဌေးသားအကြောင်းတွေစဉ်းစားပြီး....."
သူတောင်ပြောလို့မပြီးသေးဘူး ‌သွေးက ထအော်လေသည်။

" စဉ်းစားစရာလား?! အဲ့ကောင်အကြောင်း ကလေကချေရုပ်နဲ့ ပိုက်ဆံရှိလို့ မာန်တက်နေတာ"
သွေးအမြင်ကပ်ငပ်နဲ့ ‌ပြန်ပြောလိုက်သည်။

" ငါကစတာပါကွာ လုံး၀ကို အထိမခံဘဲ"

"ဟွန့် လုပ်လုပ်.. ကျောင်းသွားဖို့ နောက်ကျနေမယ်"

သူတို့လည်း ထမင်းကြော်စားပြီး ကျောင်းသွားဖို့ရန် အိမ်မှ ထွက်လာလိုက်သည်။ ကျောင်းနဲ့က အနည်းငယ်ဝေးပေမယ့် လမ်းလျှောက်ရတာကို နှစ်ယောက်စလုံးက သဘောကျကြသည်။ စကားပြောရင်းနဲ့ပဲ ကျောင်းသို့ ရောက်လာကြသည်။ တစ်နေ့တာ အလုပ်စာသင်ရတော့သည်။ ၁၂နာရီထိုးတော့ ထမင်းစားကျောင်းဆင်းချိန် ကန်တင်းမှာ သူတို့ သွားစားကြသည်။ ခနကြာ ကျောင်းတက်ခေါင်းလောင်းတီးတော့ နှစ်ယောက်သား ကျောင်းခန်းထဲ ပြေး၀င်သွားကြသည်။ စာသင်ချိန်တွေ ကုန်ဆုံးလာပြီး ညနေသို့ ရောက်ရှိလာသည်။

" သွေး အိမ်ပြန်အုံးမှာလား?"

" မပြန်တော့ဘူး ဆိုင်တစ်ခါတည်းဘဲ သွားလိုက်မယ်"

" အေးအေး ငါပြီးမှလိုက်ခဲ့မယ်"
ခုဆို ခွန်းရောသွေးပါ ဆိုင်မှာ အချိန်ပိုင်းအလုပ် အတူလုပ်နေကြပြီ။ နှစ်ယောက်စလုံးဆိုတော့ အဖော်လည်းရတာပေါ့။

သွေး လွယ်အိတိလေးလွယ်ကာ လမ်းလျေဗာက်လာလိုက်သည်။ ဆိုင်ထဲသို့ ၀င်ခါနီး ဆိုင်ကယ်သံ အကျယ်ကြီးကြားရသည်။ သူလည်း လန့်လန့်နဲ့ ဆိုင်ထဲ အမြန်ပြေး၀င်လိုက်သည်။

အာရို ( Ongoing)Where stories live. Discover now