နတ်ဆိုးဖွက်တဲ့လိပ်ပြာ Part 1

31.4K 419 5
                                    

နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 1

"ကျွီ....ကျွီ"

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ကြွက်မြည်သံကြားလို့ သူမခေါင်းလေးစောင်းလိုက်မိတယ်

'ကြွက်ကလေးတွေက အစာလာရှာပြန်ပီဘဲ အမှန်ဆို ဒီမှာ အစာတစ်စက်မှရှိမှာမဟုတ်မှန်းသူမသိနေသည်'

မှောင်နေတဲ့အခန်းငယ်လေးထဲရိုးရှင်းတဲ့ခုတင်တစ်လုံးမှလွဲ၍ဘာမှမရှိပါ

အခန်းဟာ ဖုန်နံ့များပင် လှောင်လို့နေသည်

သူမဖစ်နိုင်လျှင်ထိုကြွက်များအတွက် အစာကူရှာပေးချင်မိသည် သို့သော် မမြင်နိုင်တဲ့သူမအတွက်ဘာများလုပ်ပေးနိုင်မလဲ

ကုတင်ပေါ်ကွေးတင်ထားတဲ့ဒူးခေါင်းကိုဖြေချကာ ခေါင်းအုံးကိုစမ်းမိသည်

ခပ်အိအိလေးဖစ်နေသော ခေါင်းအုံးကိုစမ်းမိကာမှ သူမလဲချလိုက်သည်

စိတ်ထဲမှ ဂဏန်းတွေရေတွက်နေမိသည်
မကြာခင် ထွက်ပေါ်လာမည့်ခေါင်းလောင်းသံကိုစောင့်ကာရေတွက်မိခြင်းဖစ်သည်

အတန်ကြာသည်အထိ အသံဟာထွက်မလာခဲ့ပါ

'ဒီနေ့ ခေါင်းလောင်းထိုးတာနောက်ကျလိုက်တာ'

သူမ တဖြည်းဖြည်း အသက်ရှူသံမှန်လာကာ ခပ်ကွေးကွေးလေးအိပ်ပျော်သွားသည်

....................
'ချွမ် ချွမ် ချွမ် အားးး ယားးး'

အော်ဟစ်ပြေးလွှားသံများ ဓားထိခတ်သံများ တိုက်ခိုက်သံများကြောင့် သူမဇဝေဇဝါဖစ်ကာ နှိုးလာခဲ့သည်

'ဘာတွေဖစ်နေတာလဲ' သူမစိတ်ထဲစိုးရွံ့သည်မှမဆုံးသေး

ဝုန်း ခနဲ့ အသံနဲ့အတူ တံခါးဆောင့်ဖွင့်သံကြောင့် သူမထိတ်လန့်သွားမိသည်

"အို"

သူမကို ဘာစကားမှမပြောဘဲ လက်ကြမ်းကြီးတွေနဲ့ လာဆွဲကြသောကြောင့် ထိတ်လန့်တုန်လှုပ်ပီး နံရံနဲ့ကျောနဲ့အတင်းကပ်ထားမိသည်

သို့သော် အားမရှိလှတဲ့သူမအဖို့ ဆွဲခေါ်ရာပါရုံမှလွဲဘာမှမတတ်နိုင်ခဲ့ပါ

"ဘယ် ဘယ်သူတွေလဲ ဘာ ဘာဖစ်တာလဲ ကျွန်မကိုလွှတ်ပါ ကယ် ကယ်ကြပါဦး လီယာ လီယာ"

နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)Where stories live. Discover now