နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 24 (End)

15.3K 429 21
                                    

နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 24 (End)

အရာရာဟာ ဖြူလွင်နေသည်
ခန်းမကျယ်ကြီးထဲမှာ ဖြူလွင်နေပီး ကုတင်တစ်ခုသာ ရှိနေလေသည်

ဘေးနားပတ်လည်တွင် နတ်ဘုရားများအား ဆုတောင်းတောင်းပန်စာများ ကပ်လို့ထားပီး ဘုန်းတော်ကြီး တစ်ပါးဟာ ဝတ်ပြုနေသည်

ကုတင်ပေါ်တွင် အိပ်ပျော်နေသကဲ့သို့ လှဲလျောင်းနေတဲ့ မိန်းမပျိုလေးရှိသည်
ကုသသူဟာ ငွေရောင်ဆံနွယ်များရှိတဲ့မိန်းမငယ်လေးရဲ့ ဦးခေါင်းပေါ်တွင် လက်များအုပ်ကာ အသက်ဆက်ခြင်း ကုသမှုကို ပြုလုပ်နေသည်

"ဒယ်ဒီ မာမီက နိုးလာတော့မှာလား"

ကာဒီလေးဟာ အက်ဒ်ရဲ့ ရင်ခွင်ထဲကနေ မော့ကာမေးသည်

"နိုးလာတော့မှာပေါ့ကွာ.....ဒယ်ဒီတို့လွမ်းနေမှန်းသူမသိပါတယ်"

အက်ဒ်ဟာ သူ့သားငယ်ရဲ့ သူမနဲ့တူညီတဲ့မျက်ဝန်းပြာလေးများကိုကြည့်ရင်း နဖူးကို အနမ်းပေးလိုက်သည်

၃နှစ်ရှိပီ လူဝီ......၃နှစ်.....မင်းအိပ်နေတာ ၃နှစ်ရှိခဲ့ပီ....ထပါတော့လား....

ထိုစဉ် ခန်းမထဲသို့ တစ်စုံတစ်ဦးဟာ ဝင်လာသည်
ထိုအမျိုးသားဟာ နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပီး တစ်ဖက်မှာ ဓားအိမ်ပါသော ဓားကို ချိတ်ထားသည်

မျက်မှန်ကို တစ်ချက်ပင့်လိုက်ချိန်မှာ သူ့ရဲ့ မျက်ခုံးပေါ်က အမာရွတ်ဟာ ပေါ်သွားသည်

အက်ဒ် ၃နှစ်ကြာသည်ထိ မငြိမ်သက်သေးတဲ့ဒေါသဟာ ပြန်လည်လောင်မြိုက်လာပီး သားငယ်ကို လူဝီရဲ့ဘေးနားကို တင်ကာ ထရပ်လိုက်သည်

"လူးဝစ် အဲ့လိုမလုပ်ပါနဲ့ အခုပြန်ပါ"
ရီရိုဟာ အပြေးအလွှားလာတားပီး အပြင်ကိုဆွဲခေါ်သည်

သို့သော် လူးဝစ်ဟာ ကျောက်တိုင်တစ်တိုင်လိုရပ်မြဲရပ်နေသည်

လွန်ခဲ့သော ၃နှစ် အက်ဒ်ဝင်ပြန်အသိဝင်လာစဉ်က လူဝီဟာ သေဆုံးသွားပီ ဆိုသောကြောင့် သူဟာ ဓားကို ကိုင်ကာ လူဝီကိုသွားခေါ်သူ လူးဝစ်ကို ဓားနဲ့လိုက်ခုတ်လေခြင်းဖြစ်သည်

ရေဗက်ကာနဲ့ ရီရိုမှာ အတင်းတားယူနေပေမဲ့ အက်ဒ်ရဲ့ခွန်အားကို သူတို့ မလွန်ဆန်နိုင်ခဲ့ပါ
လူးဝစ်ရဲ့ မျက်နှာဟာ အခုတ်ခံလိုက်ရပီး မျက်ခုံးနဲ့ပါးပြင်တွင် ဓားရာကြီးဖြစ်သွားခဲ့သည်

နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)Where stories live. Discover now