နတ်ဆိုးဖွက်တဲ့လိပ်ပြာ Part3

10K 295 1
                                    

နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part3

သူမလက်အားအကြမ်းပတမ်းယူကာဆေးထည့်ပေးနေသည်ကြောင့် နာကျင်နေရသည်

လက်မောင်းကိုလည်း ဆေးပြန်ထည့်ပေးကာ အကျီများလဲပေးသွားသည်

သူမကို ဘာလို့ မသတ်ကြသေးလဲ စဉ်းစားမရပါ

သူမမတ်တပ်ရပ်ရက်ကလေးပင် ဖစ်နေတုန်း သူမကိုတစ်နေရာ ခေါ်သွားကြသည်

နေရောင်က စူးလာတာကြောင့် အပြင်ရောက်နေတာဖစ်မည်

'အပြင် အပြင်တဲ့လား'

ခြေလှမ်းမိတော့ သူမခြေဖဝါးလေးများက ခပ်စူးစူး အရာများကို ထိတွေ့မိသည်

'ဒါက မမဂျိုစီပြောဖူးတဲ့ မြက်ခင်းဘဲဖစ်မယ်
ထိလို့ကောင်းလိုက်တာ'
သူမခြေချောင်းကလေးများဆုပ်ကာ ခံစားနေမိသည်

"ဘာလုပ်နေတာလဲ ဒီခေါ်လာခဲ့"

'အို ဟို လူ့အသံဘဲ သူမထွက်ပြေးရန်ကြိုးစားမိတော့ ဘေးနားကလူများက ပြေးခွင့်မပြုပါ သူ့ရှေ့ကိုခေါ်သွားကြသည်'

ထင်းရှူးနံ့.......သူ့ရဲ့ကိုယ်သင်းနံ့လား

သူက သူမခါးအား သိမ်းဖက်လိုက်သည်

"အို ရှင် လွှတ်ပေးပါ"

"ရုန်းမနေနဲ့"

သူက သူမကို ပုခုံးပေါ်တင်ပွေ့လိုက်သည်မို့ ရင်ထဲအေးသွားသည်

"ရှင် လွှတ်"

တစ်နေရာ အရောက်မှာ သူချပေးလိုက်သည်

"ရော့"
သူမလက်ထဲသို့မာကျောကျော အရာ ရောက်လာသည်

ကျောက်တုံးဖစ်မည်ထင်သည် လေးနေသည်
ဒီမယ် ဒါတွေကို ဒီနားလာပုံ ဒီနေ့အတွင်းပီးရမယ်

သူကသူမလက်များဖြင့် ကျောက်တုံးနဲ့နေရာများကိုထိတွေ့ခိုင်းကာ ပြောသည်

သူထိတွေ့ခိုင်းသည့် ကျောက်ခဲပုံသည် အများကြီးဖစ်သည် နောက်ပီး သွားချမဲ့နေရာသည် တည့်တည့်သွားရမည် ဖစ်သော်လည်း ဝေးလွန်းသည်

"ကျွန်မ ဒီနေ့မပီးရင်ရော"

"အစာ မစားနဲ့ "

နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)Where stories live. Discover now