နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 18(warning++)

7.5K 262 11
                                    

နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 18(warning ++)

အက်ဒ်ဝင်တို့ရင်ဆိုင်နေရတဲ့ အလောင်းကောင်များဟာ ခေါင်းဖြတ်လည်းမသေသလို နှလုံးကိုထုတ်ယူလည်းမသေပါ

လက်ပြတ်သွားလျှင်တောင် ထိုလက်ပြတ်က လိုက်ခုတ်နေ၍ သူတို့အကျပ်ရိုက်နေရသည်

သို့သော် သူတို့မှာဓားကိုကိုင်ကာယမ်းနေပီး အသိစိတ်မပါတာကြောင့် သူတို့စိတ်အေးရသည်

မသေအောင်တိုက်ပီးသာ ခုခံနေရသည်
မနက်လင်းချိန်ရောက်ရင်တော့ သူတို့ကအနောက်အရပ်ကိုဆုတ်ခွါသွားလေ့ရှိသည်

နေ့ခင်းဘက်ထွက်မလာဘဲ ညဆို လာလာတိုက်သည်
အသေကောင်များဖစ်လို့မောပန်းခြင်းမရှိကြဘဲ မနက်လင်းသည်ထိတိုက်ကြသည်

သူတို့အနေနဲ့ ခုခံတိုက်ခိုက်လို့ရပေမဲ့ လူသားများဖစ်တဲ့အက်ဒ်ဝင်တို့ကတော့မောပန်းလာရသည်
ဘယ်လိုသတ်သတ်မသေတဲ့ မသေမျိုး စစ်သည်များကြောင့် အက်ဒ်ဝင်တို့ဘက်မှစစ်သည်များသည် စိတ်ဓာတ်ခွန်အားများကျဆင်းလာကြသည်

တစ်နေ့သေပီး သူတို့ထဲကတစ်ယောက်ဖစ်သွားမလားဆိုသော ခြောက်ခြားမှုကလည်း စစ်သည်တွေစိတ်ဓာတ်ခွန်အား အပေါ် လွှမ်းမိုးမှုရှိလာသည်

အက်ဒ်ဝင်တို့ကတော့ အလောင်းကောင်များနေထွက်လျှင်ဆုတ်ခွါရာနေရာကို လိုက်ကြည့်ကာ မီးရှို့ကြသည်

သို့သော် ထိုအလောင်းကောင်များဟာ အလင်းမရောက်နိုင်တဲ့နေရာများမှာ တစ်ကောင်နှစ်ကောင်လောက်သာ စုတာကြောင့် အက်ဒ်ဝင်တို့ဘက်က လိုက်လံမီးရှို့လည်း ထောင်ချီနေတဲ့ မသေမျိုးစစ်သည်များကို အရေအတွက်မလျော့စေဘူးဖစ်နေသည်

ဒါကြောင့် သူတို့အနေနဲ့ လောင်စာများသယ်ယူကာ
မီးလုံးများ နေ့ဘက်ကိုပြင်ဆင်ထားပီး ညဘက်တိုက်ပွဲဖစ်လျှင် ထိုမီးလုံးများနဲ့ချေမှုန်းရသည်

သို့သော် မီးစွဲနေလည်း လိုက်ခုတ်နေတဲ့ မသေမျိုးစစ်သည်တွေကြောင့် အခက်တွေ့နေရသေးသည်

"ခနနားပါဦး အက်ဒ်"

မြေပုံကို သဲကြီးမဲကြီးကြည့်နေတဲ့ အက်ဒ်က ရေဗက်ကာ စကားကြောင့် မော့ကြည့်လိုက်သည်

နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)Where stories live. Discover now