နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 16(warning🚨🚨🚨)
This chapter contain public sex...so please if you are under 18 don't read or skip this chapter .......
..........................................
"လူဝီ...."
ဝရံတာမှာ ငေးငိုင်နေတဲ့ သူ့ဇနီးလေးကို အက်ဒ်ခေါ်လိုက်သည်
သူ့ဇနီးလေးဟာ တအားကိုငြိမ်သက်လွန်းသည်
တစ်နေရာမှာ ထိုင်နေပီဆိုလည်း လှုပ်ကိုမလှုပ်တော့ဘဲ အကြာကြီးနေတတ်သည်အက်ဒ် သက်ပြင်းခိုးချမိသည်
အခန်းတွင်းမှာ ငယ်စဉ်ကတည်းက ပိတ်လှောင်ခံခဲ့ရတဲ့ အလေ့အကျင့်တွေဖစ်မှာပေါ့
သူ သူမရဲ့ အနောက်ကနေ သူကိုယ်တိုင်သီကုံးထားတဲ့ ခရုံခွံ ဆွဲကြိုးလေးကို ဆွဲပေးလိုက်သည်
သူမက ထိုဆွဲကြိုးလေးကိုကြည့်ကာ နှုတ်ခမ်းလေးများ ပြုံးသွားသည်
"ခရုံခွံဆွဲကြိုးလား အက်ဒ် "
"ဟုတ်တယ် လူဝီ မင်းနဲ့အရမ်းလိုက်တယ်"
သူမက သူ့ဘက်ကိုလှည့်လာသည် နောက်ပီး သူ့မျက်နှာရှိရာက်ို ခန့်မှန်းမော့ကာ ခြေဖျားလေးထောက်ပီး သူ့မေးဖျားက်ို ခပ်ဖွဖွနမ်းပီး ပြုံးပြသည်
"ချစ်တယ် အက်ဒ်"
အက်ဒ်ရဲ့နှုတ်ခမ်းပါးတွေက အပေါ်ကို ကွေးတက်သွားရသည်
သူမရဲ့လည်တိုင်ဖြူနုနုမှာ လည်ဆွဲလေးက နေရာယူထားပီး တချို့နေရာများမှာ သူညက ပေးထားတဲ့ အချစ်အမှတ်အသားများ နေရာယူလို့နေသည်
.......................................................
"မမလေး မမလေး "
လူဝီ အက်ဒ်နဲ့ ညနေခင်း လမ်းလျှောက်ထွက်မည်ဖစ်တာကြောင့် အပြင်ထွက်ရန်ပြင်စဉ် ဇာရီမှ နောက်က အော်ခေါ် ပြေးထွက်လာသည်ကြောင့် ရပ်လိုက်ရသည်
အက်ဒ်ကတော့ သူ့လူများကို မှာစရာရှိတာမှာနေသည်
ဇာရီက သူမလည်ပင်းက်ို ပုဝါစလေးချည်ပတ်ပေးလာသည်
"ဘာလို့လဲဟင် ဇာရီ"
သူမ လည်စည်းစည်းရတာမကြိုက်တာကြောင့် ဇာရီကိုမေးရသည်
YOU ARE READING
နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)
Romansaအထင်လွဲကာ အစားထိုးခံရပီး နှိပ်စက်ခံရတဲ့ သူမ အငြိုးတွေပြည့်နေတဲ့အက်ဒ်ဝင်ဟာရော သူမရဲ့ဖြူစင်မှုတွေ မြင်လာနိုင်ပီး ချစ်မိသွားမှာလား.......❤️