နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part13
"မမလေး မမလေးရေ ဇာရီကို ပြောပြပါလို့"
ဇာရီ ရီချင်နေတဲ့စိတ်ကိုထိန်းကာ စောင်ထဲအလုံးလိုက်လေး ဖစ်နေသော မမလေးအား ချော့ခေါ်နေရသည်
ဇာရီလည်း အရှင်နဲ့ မမလေးတို့တွေ့ရင် ခပ်ဝေးဝေးမှာသာနေသည်မို့ဘာဖစ်လိုက်လဲမသိပါ
မမလေးကိုလည်း မေးမရဖစ်နေလေသည်
အရှင်ကများ မမလေးကို ငြင်းလိုက်တာလား
ဒါတော့ မဖစ်နိုင်ပါ ဒီလောက်ချစ်ဖို့ကောင်းတဲ့မမလေးသည် ငြင်းခံရနိုင်စရာအကြောင်းမရှိပါ"မမလေး ဇာရီကိုပြောပြလေ ဒါမှ ဇာရီအကြံပေးလို့ရမှာပေါ့"
ထိုအခါမှ စောင်ပုံထဲက ငွေရောင်ဆံပင်စလေးတွေထွက်လာသည်
"ဇာရီ ဇာရီဘဲ မေးခွန်းမေးခိုင်းတယ်လေ"
ဇာရီလည်း ခေါင်းညိမ့်ကာ
"အင်း ဘာလို့လဲ အရှင်က မမလေးကို မလှဘူးငြင်းလိုက်လို့လား"ထိုအခါမမလေးက ခေါင်းလေးရမ်းသည်
"ဒါဆို လှတယ်လို့ပြောတာပေါ့ ဇာရီ ပြောသားဘဲ မမလေးရယ် အရှင်က မမလေးကိုချစ်နေတာပါဆို"
ထိုအခါ မမလေးသည် စောင်ပုံထဲက ထွက်လာပီး
"ဒါ ဒါပေမဲ့ အက်ဒ် အက်ဒ်က........."
မမလေးဟာ နီမြန်းနေတဲ့ မျက်နှာလေးနဲ့ သူမ နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ထိလေသည်ဇာရီမှာ မျက်လုံးပြူးသွားသည်
"အရှင်က အဲ့လိုလုပ်ခဲ့တာလား"
ထိုအခါ မမလေးက ခေါင်းညိမ့်သည်
"ပီးတော့ ပီးတော့ ဘာပြောသေးလဲ"
"ချစ် ချစ်တယ်တဲ့"
ဇာရီမှာ ဇာတ်ရှိန်တွေတက်နေပီဖစ်သည်"အဲ့တော့ အဲ့တော့ ဘာပြန်ပြောလိုက်လဲ"
မမလေးဟာ ချက်ချင်းဘဲ စိတ်ပျက်အားငယ်သွားသလို ခေါင်းလေးငိုက်ကျသွားသည်
"လူဝီ လူဝီ ထွက်ပြေးခဲ့တယ်"
ဇာရီ သူမနဖူးသူမရိုက်မိလိုက်တော့သည်
ဇာရီ ဇာရီရေ ဇာရီရေ လို့ခေါ်ပီးပြေးလာတည်းက သူမသိလိုက်ရမှာ.................
YOU ARE READING
နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)
Romanceအထင်လွဲကာ အစားထိုးခံရပီး နှိပ်စက်ခံရတဲ့ သူမ အငြိုးတွေပြည့်နေတဲ့အက်ဒ်ဝင်ဟာရော သူမရဲ့ဖြူစင်မှုတွေ မြင်လာနိုင်ပီး ချစ်မိသွားမှာလား.......❤️