နတ်ဆိုးဖွက်တဲ့လိပ်ပြာ Part 12(warning🚨🚨)
"ဘာလို့ မနိုးသေးတာလဲ ပြောစမ်း"
အက်ဒ်ဝင် ဒေါသလွှမ်းသော မျက်နှာဖြင့် ကုသသူကို ဆွဲထိုးရန်ပြင်လိုက်သည်
"တော်စမ်း အက်ဒ်ဝင်"
ရီရိုမှာ အက်ဒ်ဝင် လက်အား တားကာ ကုသသူကို ပြန်လွှတ်လိုက်သည်"ငါ့ကြောင့် ငါ့ကြောင့်ဖစ်သွားတာ ခါတိုင်းထပ်ပြင်းထန်ခဲ့တယ် မနေ့ညက......"
"ဒါပေမဲ့ မင်းဟို တစ်ခါလိုဘဲ ပြန်ကောင်းသွားခဲ့တယ်လေ အဲ့တာဘာကြောင့်လဲ"
လူးဝစ်ဟာ သူ့ရဲ့ တည်ငြိမ်တဲ့မျက်နှာကိုတောင် ထိန်းသိမ်းမရနိုင်တော့ဘဲ စဉ်းစားရကျပ်နေသည်
အက်ဒ်ဝင်ဟာတော့ သူမလက်လေးကို ကိုင်ကာ ပါးကိုအပ်ထားလိုက်သည်
"ငါနိုးလာတိုင်းတော့ သူမဘဲ ရှိနေခဲ့တယ် သူမဘဲ"
မျက်နှာလေးဖျူဖျော့နေကာ လက်မောင်းမှာ ပတ်တီးစည်းထားရပီး မိန်းမပျိုလေးက အိပ်မောကျနေဆဲပင်ဖစ်သည်
..............................................................
လူဝီဟာ သူမဘေးနားပတ်လည်မှာ ဝဲနေတဲ့ ငွေရောင်လိပ်ပြာလေးတွေကိုကြည့်နေမိသည်သူမ သူမ ကြည့်နေမိတာလား
သူမမျက်လုံးတွေ........သူမအံ့ဩစွာ လက်တွေနဲ့ မျက်လုံးများကိုအုပ်ကြည့်သည်သူမတကယ် မြင်နေရသည်ဘဲ......
ဒါဘယ်ကို ရောက်နေခဲ့တာလဲ.........ဘေးပတ်ဝန်းကျင်ကို သေချာကြည့်မှ အုံ့ဆိုင်းနေတဲ့ မြူများ လွှင့်ပျယ်သွားပီး တောအုပ်ငယ်တစ်ခုပေါ်လာသည်
ယုန်လေးတွေ သမင်ငယ်လေးတွေ ရေသောက်ဆင်းနေကြသည်
သူမ ကောင်းကင်ဘုံရောက်သွားခဲ့တာလား
"လူဝီ အမေ့ရဲ့ လူဝီလေး...."
သူမရဲ့နောက်မှ ဝမ်းနည်းကြေကွဲနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံဟာ ထွက်ပေါ်လာသည်ထိုအမျိုးသမီးသည်အဖြူရောင်ပိတ်စကို ပတ်ထားသလိုသာ ဝတ်ဆင်ထားပီး နတ်သူငယ်များလို နားရွက်ချွန်များ ရှိနေလေသည်
ထိုအမျိုးသမီးမှာ သူမနဲ့ တူညီတဲ့ ငွေရောင်ဆံနွယ်များရှိပီး မျက်ဝန်းများကတော့ အစိမ်းရောင်ဖစ်သည်
YOU ARE READING
နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)
Romanceအထင်လွဲကာ အစားထိုးခံရပီး နှိပ်စက်ခံရတဲ့ သူမ အငြိုးတွေပြည့်နေတဲ့အက်ဒ်ဝင်ဟာရော သူမရဲ့ဖြူစင်မှုတွေ မြင်လာနိုင်ပီး ချစ်မိသွားမှာလား.......❤️