နတ်ဆိုးဖွက်တဲ့လိပ်ပြာ Part10
အဲလစ်ဆာ ဒီနေရာကို ထပ်ကို မလာချင်ပေမဲ့ ခုတော့ ရောက်နေရသည်
Krisဟာတော့ ထုံးစံအတိုင်းပြတင်းပေါက်ပေါ်တွင် ခြေနှစ်ချောင်းချကာ ထိုင်နေသည်
"ဆေးရည်?"
Krisကသူမကို လှည့်ကြည့်ပီး တစ်ချက်ပြုံးသွားသည်
နောက်ပီး သူ့ရင်ဘတ်အိတ်ကပ်ထဲမှ ဆေးပုလင်းလေးကို ထုတ်ယူလာသည်"ရော့"
အသည်းပုံ ပုံစံ ဖန်ပုလင်းငယ်လေး အဲ့ထဲမှာ ခရမ်းရောင် အရည်တစ်ချို့ပါဝင်ပါဝင်သည်
သူမလည်း ယူပီးလှည့်ထွက်ချိန်မှာ
"အဲ့တာ တစ်ခါစာဘဲ"
သူမရဲ့ အပြာရောင်မျက်ဝန်းများစူးရဲသွားရသည်
"မင်းဘာလိုချင်လဲဆိုတာ ငါသိတယ် ဒါပေမဲ့ မင်းလိုချင်သလို နတ်ဆိုးစိတ်တွေ လုံးလုံးဖောက်ပြန်ဖို့ရာက ဒီလို ပုလင်းမျိုး 6ပုလင်းလောက်လိုမယ် သူရဲ့ခံနိုင်ရည်အားပေါ် မူတည်ပီးလည်း များနိုင်တယ်"
"ဒါဆို ကျွန်မအနေနဲ့ ကျန်တဲ့ ဆေးရည်တွေကို ဘယ်လိုရနိုင်မှာလဲ"
Krisရဲ့ ခရမ်းရောင်မျက်ဝန်းများထဲတွင် တစ်ချက်ရွှင်မြူးသွားသည်
"စျေးနှုန်းကိုမင်းသိပါတယ်"
"ရှင် ဒါ သက်သက်မဲ့....."
သူမဒေါသထွက်စွာ ဓားကောက်နဲ့ သူ့လည်ပင်းကို ထောက်လိုက်သည်Krisဟာတော့ သူ့ရဲ့ လှပလှတဲ့လက်ချောင်းရှည်များနဲ့ ဓားကောက်ကို ပွတ်သပ်လ်ိုက်သည်
"ဖစ်နိုင်ရင် ကိုယ့်ရဲ့ အဲလစ်လေးကို အားလုံးပေးလိုက်ချင်တာ ဒါပေမဲ့ မင်းသိလား အဲ့ဆေးရည်ဟာ လပြည့်ညရဲ့ လရောင် တစ်ခါထွက်တဲ့ အချိန်မှာမှ လရောင်အကူအညီရယ် မှော်ဆရာရဲ့ နှလုံးသွေးရယ်ကို ဖောက်ထုတ် ကြိုချက်ရတာ"
သူမလက်တွေတုန့်သွားပီး တွေဝေသွားသည်
"ဆိုတော့ မင်းသဘောပါ"
.............................................................
လူဝီ သူမခြေဖျားလက်ဖျားတွေအေးစက်နေလေသည်
![](https://img.wattpad.com/cover/334648843-288-k524548.jpg)
YOU ARE READING
နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)
Romanceအထင်လွဲကာ အစားထိုးခံရပီး နှိပ်စက်ခံရတဲ့ သူမ အငြိုးတွေပြည့်နေတဲ့အက်ဒ်ဝင်ဟာရော သူမရဲ့ဖြူစင်မှုတွေ မြင်လာနိုင်ပီး ချစ်မိသွားမှာလား.......❤️