နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 9
လူဝီဆာလေးမှာ ဒီနေ့ အရမ်းပျော်နေလေသည်
အဘယ်ကြောင့်ဆိုသော် ဒီနေ့ သူမကြိုက်တဲ့ အကောင်းဆုံးသော စွပ်ပြုတ်ကို စားရမည့်ရက်ဖစ်သောကြောင့်ပင်.......တစ်ပတ်မှာ တစ်ခါသာစားရတဲ့ ဆိတ်သားစွပ်ပြုတ်လေးကို သူမအရမ်းကြိုက်လေသည်
သို့သော် ထိုစွပ်ပြုတ်ကို ၇ရက်မှာ တစ်ခါသာ စားရပီး ကျန်ရက်များတွင်ကျွေးသော စွပ်ပြုတ်များမှာ အရသာမရှိသည့် မှိုစွပ်ပြုတ်များဖစ်သည်မမဂျိုစီ အလုပ်ပြုတ်သွားကတည်းက သူမ အစားကောင်းမစားရတော့သည်မှာ ကြာပီး ခုစွပ်ပြုတ်လေးမှာ သူမဆက်စားရသည့် တစ်ခုတည်းသော အကောင်းဆုံးအစားအစာဖစ်သည်
သူမ ဒီနေ့လေးကို မလွဲချင်တာကြောင့် သူတို့စိတ်မရှည်ဖစ်ရမဲ့အလုပ်တွေ မလုပ်ဘဲ နာခံပေးသည်
အတတ်နိုင်ဆုံး နားလည်အောင် လုပ်ကာ သူတို့လုပ်ပေးသမျှခံသည်
မဟုတ်လျှင် အစာဖြတ်ခံရသည့်အခါ ဒီနေ့စွပ်ပြုတ်လေးကို မစားလိုက်ရမှာကြောက်သည်
အရင်တစ်ပတ်ကလည်း ခေါင်းဖီးတာကို သူမ နာကျင်လွန်းလို့ ထွက်ပြေးမိသည်
ဒါကြောင့် အရိုက်ခံရကာ အစာဖြတ်ခံရတာကြောင့် မစားလိုက်ရပါသူမ နှာဖျားထဲ ဆိတ်စွပ်ပြုတ်နံ့လေး သင်းလာသည်
စွပ်ပြုတ်ဟာ သူမရှေ့ရောက်နေပီဘဲပျော်ရွှင်မှုများ သူမရင်ထဲ စုံဆန်တက်သွားပီး
ဇွန်းကို ကောက်ကိုင်ကာ စွပ်ပြုတ်လေးကို မွှေလိုက်သည်ခပ်မာမာအတုံးကြီးတစ်တုံးနဲ့ သေးငယ်တဲ့ အတုံးလေးကို စမ်းမိတော့ သူမ အလွန်ပျော်သွားရသည်
ခါတိုင်း အသားတစ်တုံးသာပါပေမဲ့ ဒီနေ့တော့ နှစ်တုံးဖစ်သည်
အမှန်တော့ လူဝီဆာလေးစားနေရသည်မှာ စားကြွင်းစားကျန်များသာဖစ်လေသည်
သို့ပေမဲ့ သူမအနေနဲ့ ဒါဟာ အကောင်းဆုံးဖစ်သည်
သူမ စွပ်ပြုတ်ကို တစ်ဇွန်းခပ်သောက်လိုက်သည်
စွပ်ပြုတ်ရဲ့ အရသာဟာ သူမရဲ့ လျှာသေးသေးလေးပေါ် တင်သွားချိန်မှာ သူမ ခြေထောက်တိုတိုလေးတွေကို ပျော်မြူးစွာလှုပ်ရမ်းမိသည်
YOU ARE READING
နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)
Romansaအထင်လွဲကာ အစားထိုးခံရပီး နှိပ်စက်ခံရတဲ့ သူမ အငြိုးတွေပြည့်နေတဲ့အက်ဒ်ဝင်ဟာရော သူမရဲ့ဖြူစင်မှုတွေ မြင်လာနိုင်ပီး ချစ်မိသွားမှာလား.......❤️