နတ်ဆိုးဖွက်တဲ့ လိပ်ပြာ Part 23

7.2K 257 31
                                    

နတ်ဆိုးဖွက်တဲ့လိပ်ပြာ Part23

"မမလေး"

သူမ ကာဒီအား ကိုယ်တိုင်ကကိုယ်ကျ အကျီဝတ်ပေးနေစဉ်ဇာရီမှရောက်လာသည်

"ပြောလေ ဇာရီ"

ဇာရီမှ မျက်စိမျက်နှာပျက်နေ၍ သူမသိချင်သွားသည်

...................................................
မျက်မှန်နဲ့ အညိုရောင်မျက်ဝန်းရှိနေတာ ဒါဟာ လူးဝစ်သာ ဖြစ်ရမည်

လူဝီရင်ထဲ အနည်းငယ် တင်းကျပ်သွားသလို ခံစားလိုက်ရသည်

သို့သော် နောက်ထပ်လူတစ်ယောက်ကို ထပ်တွေ့ချိန်မှာတော့ လူဝီ သူမသားငယ်အား အနောက်သို့ဖွက်မိတော့သည်

စိတ်ထဲမှာလည်း စိုးရိမ်စိတ်များ အဆမတန်ဖြစ်ပေါ်လာတော့သည်

ရေဗက်ကာပင်ဖြစ်လေသည် သူမရဲ့ စိတ်ကို စိုးရိမ်တကြီးဖြစ်စေတာ..........

ရေဗက်ကာဟာ သူမတို့ဆီကို ဘာကြောင့်လာရပါသနည်း

သူမနဲ့ကာဒီလေးရဲ့ တည်ရှိမှုကို မကျေနပ်လို့ပေလား
သူမ အက်ဒ်နဲ့မတွေ့ရတာ ကာဒီလေးတစ်သက်ပင်ရှိနေလေပီ

အက်ဒ်အား လွမ်းဆွတ်မိသော်လည်း သူမခိုး၍ပင်သွားမရှာမိခဲ့တော့ပါ
ရင်ထဲမှာသာ သိမ်းကာ လွမ်းနေမိခြင်းဖြစ်သည်

လူးဝစ်ဟာတော့ သူ့ရှေ့မှ လူဝီနဲ့ အက်ဒ်ဝင်အသေးစားလေးကို ရုပ်တည်နဲ့ကြည့်နေမိသည်

စိုးရွံ့နေတဲ့မျက်နှာငယ်လေးနဲ့ ကလေးငယ်လေးကို ကာနေသော မိန်းမငယ်လေးက တကယ်ကို နုငယ်လှသေးသည်
ရေဗက်ကာမှာရင်ထဲစိတ်မကောင်းကြီးစွာဖြစ်လို့သွားသည်

"ဘာ ဘာများအလိုရှိလို့ပါလဲ"
လူဝီ တုန်ရီချင်နေသော အသံအား ထိန်းချုပ်ကာ
သားငယ်လေးရဲ့လက်ကို ဆုပ်ကိုင်ထားမိသည်

လူးဝစ်ဟာ သူ့မျက်မှန်ကိုပင့်ကာ သက်ပြင်းချသည်

"အက်ဒ်ဝင်............သူသေရတော့မယ်"

လူးဝစ်ရဲ့စကားမှာ သူမနှလုံးသားကို ပင်လယ်ရေနဲ့တိုက်စားသွားသလိုခံစားရသည်

ဆို့နစ်လာတဲ့ရင်ကို သူမလက်သီးဆုပ်လေးနဲ့ဖိမိသွားသည်
မျက်ရည်တွေဟာ ချက်ချင်းဝဲတက်လာသည်

နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)Where stories live. Discover now