နတ်ဆိုးဖွက်တဲ့ လိပ်ပြာPart11
"လူဝီ"
ဖီးလစ်ငှက်လေးကို ကိုင်နေတဲ့ သူမလက်လေးတွေ ရပ်သွားပီး သူမဟာ အက်ဒ်ကို လှည့်ပီး ပြုံးပြလာသည်
"အက်ဒ်"
အက်ဒ်ဝင် ရင်ထဲမှာ သဘောကျခြင်းနှင့်အတူ မောလျခြင်းတွေပါ တပြိုင်ထဲ ခံစားလိုက်ရသည်
" ဖီးလစ်ငှက် အစစ်ကို ကိုင်ဖူးချင်လား"
သူမဟာ မထင်မှတ်ထားတာကို ကြားလိုက်ရသလို ပျော်ရွှင်သွားလေသည် ငွေရောင် ဆံနွယ်လေး လှုပ်ခတ်နေအောင် သူမက ခေါင်းငြိမ့်ပြသည်
နွေဦး အစပိုင်းရဲ့ နေရောင်ခြည် ခပ်နုနုက တောအုပ်ငယ်လေးရှိ သစ်ပင်များကိုဖြတ်ပီး ကျရောက်နေသည်
အက်ဒ်ဝင်ဟာ သူ့ရဲ့ လက်ဖဝါးကြီးထဲမှ သေးသွယ်တဲ့လက်လေးကို ကြည့်ရင်း မချင့်မရဲဖစ်လာသည်
သူမဟာတော့ တောအုပ် သဘာဝကို သဘောတကျခံစားနေပုံရသည်
လောကကြီးဟာ တကယ်ကျယ်သည် အက်ဒ်ဝင်ဟာလည်း သူမအပေါ် အရမ်းကောင်းပေးသည်
သူမ တနေ့တနေ့ စားရတဲ့ အစားကောင်းများကြောင့် သူမပါးများပင် ပိုဖောင်းလာသလိုခံစားရသည်
သူမချစ်တဲ့ ပန်းလေးတွေကိုလည်း ထိတွေ့ခွင့်ရသည်
ယခုတော့ တိရစ္ဆာန်ငယ်လေးများကိုပါ လိုက်ပြမည်ဆိုသောကြောင့် ကမ္ဘာပေါ်မှာ သူမလောက် ပျော်ရွှင်မိတဲ့သူ မရှိဟုထင်မိသည်"ဒီမှာ ခဏစောင့်......"
အက်ဒ်ဝင်ရဲ့ စကားကြောင့် သူမသူ့လက်ကို ဆုပ်ကိုင်ထားတာကိုလွှတ်ပေးလိုက်သည်
သူမရင်ထဲဟာသလို ဖစ်သွားသလိုပင်
သူမဘာတွေဖစ်နေတာပါလိမ့်အက်ဒ်ဝင်ဟာ သစ်ပင်တစ်ပင်ပေါ်ကိုတက်ပီး အသိုက်ထဲမှာရှိနေတဲ့ ဖီးလစ်ငှက်တစ်ကောင်ကို အမြန် ဖမ်းဆုပ်လိုက်သည်
နောက်ပီး အမြန်ပြန်ဆင်းကာ သူမလက်လေးကိုကိုင်တွယ်ပီး ထည့်ပေးလိုက်သည်
လူဝီ သူမလက်ထဲရောက်လာတဲ့ အမွှေးလုံးလေးကို အသည်းယားနေမိသည်

YOU ARE READING
နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)
Lãng mạnအထင်လွဲကာ အစားထိုးခံရပီး နှိပ်စက်ခံရတဲ့ သူမ အငြိုးတွေပြည့်နေတဲ့အက်ဒ်ဝင်ဟာရော သူမရဲ့ဖြူစင်မှုတွေ မြင်လာနိုင်ပီး ချစ်မိသွားမှာလား.......❤️