နတ်ဆိုးဖွက်တဲ့လိပ်ပြာ Part 15(warning🚨🚨🚨)
If you are under 18 please don't read or skip this chapter 🥹
....................................................
စီယာနာ ကျွန်းဆွယ်.........သူတို့အဲ့ဒီကိုရောက်ရှိနေကြသည်
ကမ်းခြေရဲ့ဘေးက အပန်းဖြေစံအိမ်ကြီးကို သူကြည့်မိသည်
သူ့ရဲ့မွေးရပ်မြေက သူတို့မိသားစု ခရီးထွက်တိုင်းတည်းခိုရာနေရာဘဲ.........
အက်ဒ်ဝင် မျက်ဝန်းတွေထဲမှာ မိသားစုလေးတစ်စု....
ပြေးလွှားဆော့ကစားနေတဲ့ မောင်နှစ်မနှစ်ယောက်ရဲ့ ပုံရိပ်တွေ မြင်ယောင်မိသည်လေပြေတစ်ချက်ကို သူမျက်လုံးမှိတ်ပီးခံစားလိုက်သည်
"အက်ဒ်"
သူ့ရဲ့နောက်က ချိုသာအေးမြတဲ့ အသံလေးကြောင့် သူပြုံးပီး လှည့်ကြည့်လိုက်သည်အဖြူရောင်ဂါဝန်လေးဝတ်ထားပီး ဦးထုပ်ဝိုင်းလေးဆောင်းထားတဲ့ မိန်းကလေး....
ထိုချစ်စဖွယ်မိန်းကလေးသည် မနေ့ကမှ သူလက်ထပ်ခဲ့တဲ့ သူ့ဇနီးလေးဖစ်သည်
သူ သူမလက်လေးကို လှမ်းကိုင်လိုက်သည်
"စီယာနာတဲ့လေ လူဝီ အေးချမ်းမှုတွေရဲ့ တည်ရှိရာလို့လည်း ကိုယ်တို့ခေါ်ကြတယ် သူ့ရဲ့သဘာဝရှုခင်းတွေက သိပ်လှတာ"
"အိုးး....ဒါဆို တကယ်လှပမှာဘဲနော် လူဝီ မြင်ဖူးချင်လိုက်တာ"
အနားသတ်တိုးသိမ်သွားတဲ့ သူမစကားကြောင့် သူစိတ်မကောင်းဖစ်သွားသည်
သူမမျက်လုံးတွေကို ကုသဖို့ နည်းလမ်းတော့ရှိမှာပါ
"ကိုယ် ပြောပြမှာပေါ့ လူဝီ မင်းမြင်ယောင်လာအောင် ကိုယ်အားလုံးကို ပြောပြမယ် ဟောဒီ စီယာနာကျွန်းမှာ ကျောက်တုံးဘယ်နှတုံးရှိတာကအစ ရေ ဘယ်နှလီတာ ရှိတယ်အဆုံးပေါ့"
သူ့စကားမှာ လူဝီဟာ ရီတော့သည်
အက်ဒ်ကို ဒီလိုပျော်တတ်သူမှန်းထင်မထားဘူးတဲ့လေ
......................................................
အက်ဒ် ခရုတစ်ချို့ကို ကောက်ရင်း သူမကိုလှည့်ကြည့်မိသည်
YOU ARE READING
နတ်ဆိုးဖွက်တဲ့လိပ်ပြာ 🦋(Complete)
Romanceအထင်လွဲကာ အစားထိုးခံရပီး နှိပ်စက်ခံရတဲ့ သူမ အငြိုးတွေပြည့်နေတဲ့အက်ဒ်ဝင်ဟာရော သူမရဲ့ဖြူစင်မှုတွေ မြင်လာနိုင်ပီး ချစ်မိသွားမှာလား.......❤️