၂(U/Z)

2K 93 2
                                    

၁၉၂၀ပြည့်နှစ် မန္တလေး မြို့.......။

ညှို့သည် သူ့၏အခန်းထဲတွင် သူလုပ်နေမြဲအရာဖြစ်သည့် ဓာတ်ပြားသီချင်း နားထောင်ကာ စာအုပ်ဖတ်နေသည်။
ညှို့ရဲ့အိမ်တွင် ဘာအလုပ်မှမရှိပဲနဲ့ အားနေသူမှာ ညှို့တစ်ယောက်ပဲရှိသည်။ ဘတုတ်လဲ သူ့တာဝန်ဖြစ်တာကိုတွေကို လုပ်ဆောင်ရသည်။ ငယ်ထွေးလဲသည်လိုပင်။
ညှို့အမေကလဲ ရတနာဆိုင်ဖွင့်ထားသည်ဖြစ်တာကြောင့် အလုပ်မအားပေ အိမ်လဲပြန်လာတာနည်းသည်။
ညှို့သည် သူ့အခန်းတွင် စာဖတ်နေတုန်း ငယ်ထွေးရောက်လာသည်။

"ညှို့ "

"ဘာကိစ္စလဲ ငယ်"

"သခင်မကြီး ပြန်ရောက်ပြီ အဲ့ဒါညှို့ကိုအောက်ဆင်းလာခဲ့ပါတဲ့"

"အော် ဟုတ်ပြီ လာခဲ့မယ်"

"ဟုတ်"

ငယ်ထွေးထွက်သွားတော့ ညှို့သည် သူ့စာအုပ်ကို ပိတ်ကာ ခုံကနေထလိုက်သည်။
ခုံကနေ ထပြီး သူ့ရဲ့ပုံကိုကြေးမှုံတွင် လှမ်းကြည့်လိုက်သည်။
အမျိုးသမီးတစ်ယောက်လိုပင်....။
ညှို့ သက်ပြင်းလေးချပြီး သူ့အမေဆီသွားလိုက်သည်။
ညှို့အောက်ဆင်းလာတော့ ဧည့်ခန်းတွင် ထိုင်ကာ ရတနာတွေကို စစ်နေတဲ့ သူ့ရဲ့အမေကိုတွေ့သည် အမေဖြစ်သူဟာ အနီရောင်ထမီ အနီရောင်လည်စိရင်ဖုန်းကိုဝတ်ထားသည်။
သူ၏မျက်နှာတွင် လဲ ဆေးများဖြင့်ချယ်သထားသည် သူမရဲ့ပုံစံမှာမာကျောခက်ထန်ပြီး တွေ့ရသူတိုင်းကို ရှိန်စေတဲ့ဂုဏ်အဝါ သူမမှာရှိနေသည်။ ညှို့အမေရဲ့နာမည်မှာ ဒေါ်လွန်းသူဇာပင်ဖြစ်သည်။ ညှို့ရဲ့အမေသည် သိပ်ကိုကျက်သရေရှိလှသည့် အမျိုးသမီးပင်ဖြစ်သည်။
ဒါပေမဲ့ သူ့မှာချို့ယွင်းချက်တစ်ခုကရှိနေသည်.....။

ညှို့သူ့အမေနားကို လျှောက်သွားလိုက်ကာ သူ့အမေကိုခေါ်လိုက်တော့ အမေဖြစ်သူကမော့ကြည့်သည်။
ညှို့ကို ပြုံးပြခြင်းမရှိပေ ခေါင်းညိတ်ပြ၍ ထိုင်ဖို့ပြောသည်။
ဒါနဲ့ပဲညှိုလဲမေမေ့ရှေ့က ခုံမှာထိုင်လိုက်သည်။ အဲ့ဒီအခါမှာ မေမေက ညှို့ကိုစကားစပြောသည်။

"ညှို့ နောက်အပတ် အင်္ဂါက နင့်မွေးနေ့ဆိုတော့ မေမေအခုထဲကလိုချင်တာလုပ်ပေးမယ် အဲ့နေ့ကျရင်အလုပ်ရှိလို့ မင်းလိုချင်တာကိုမလုပ်ပေးနိုင်ဘူး ဒါ့ကြောင့် အခုပြော"

ညှို့စေWhere stories live. Discover now