"ဘယ်လိုပန်းကြိုက်တတ်အောင်......."
"ဟုတ်တယ်ညှို့ပန်းကြိုက်တတ်အောင်မောင်သင်ပေးမယ် "
"ကိုနှင်းမောင် အလုပ်မရှိဘူးလားအဓိပ္ပာယ် မရှိတာတွေမလုပ်ပါနဲ့ "
"ညှို့အတွက်အဓိပ္ပါယ်ရှိချင်မှရှိလိမ့်မယ် ဒါပေမဲ့ မောင့်အတွက်ကတော့ ညှို့နဲ့ရင်းနှီးဖို့ဆိုရင် ပန်းကြိုက်တတ်အောင်သင်ပေးရတာကလဲ နိုင်ငံရေးလိုပဲ အရေးကြီးတယ်"
"ဘာကိစ္စ ညှို့နဲ့ရင်းနှီးချင်တာလဲ"
"အို တယ်ခက်သပ ညှို့ရယ် မင်းဟာလေသိပ်တုံးအတာပဲကွယ်"
ညှို့ကိုနှင်းမောင်ကို နားမလည်စွာဖြင့် မျက်မှောင်ကျုတ်၍ကြည့်လိုက်သည် ဘာကိစ္စရင်းနှီးချင်ရတာလဲလို့မေးတာကို ဘယ့်နှယ်တုံးတယ်လို့ပြောရတာလဲ ဟုညှို့နားမလည်တော့ပေ
ကိုနှင်းမောင်လဲ သူ့ကိုနားမလည်စွာကြည့်နေတဲ့ မျက်နှာလေးကြောင့် အသာလေးရယ်မိသည်"ညှို့က သိပ်တုံးတာပဲကွာ မောင်က ယောကျာ်းလေးကွာ ယောကျာ်းဆိုတော့ညှို့လိုလှတဲ့မိန်းကလေးနဲ့ ရင်းနှီးမိချင်တာပေါ့ "
"အော် အဲ့လိုလား ဒါဖြင့် ရင်းနှီး ချင်တယ်ဆိုရင်းနှီးချင်တယ်ပေါ့ ဘာလို့တည့်တိုးမပြောပဲနဲ့ ပန်းကြိုက်တတ်အောက်သင်ပေးမယ်လေဘာညာနဲ့ စကားကိုသိပ်ရှုပ်တယ်"
"မောင်က စကားမရှုပ်ပါဘူး ညှို့နဲ့လဲရင်းနှီးချင်တယ် ပန်းကိုခါးခါးသီးသီးဖြစ်နေတဲ့ညှို့ကိုလဲ ပန်းချစ်တတ်အောင်သင်ပေးချင်တယ်လေ"
"မလိုပါဘူး ကိုနှင်းမောင် အားနေရင်လဲ အိမ်ကမိဘတွေကိုကူညီလိုက်ပါ အခုတော့ညှို့ခြင်းတောင်းကိုပေး"
လို့ပြောကာ ခြင်းတောင်းကိုဆွဲယူလိုက်ပြီးထွက်သွားလေသည်"ညှို့ ညှို့ နေအုန်းလေ ညှို့..............အောင်မလေးဗျ"
ကိုနှင်းမောင် ရဲ့အာမေဋိတ်အသံကိုကြားတော့ ညှို့တစ်ယောက်လှည့်ကြည့်မိသည်
ကိုနှင်းမောင်တစ်ယောက် မြင်းလှည်းတစ်စီးရဲ့ အနောက်ပိုင်းနဲ့ တိုက်မိခြင်းဖြစ်သည်
နှင်းမောင်တစ်ယောက် ထိုင်ကျလျက်လဲကျနေသည် အဲ့ဒီ့အခါ ဘေးကလူတွေကဝိုင်းဆွဲထူကြလေသည်
YOU ARE READING
ညှို့စေ