ဇာတ်သိမ်းပိုင်း(U/Z)

3.3K 80 50
                                    

ညှို့သည် ဧည့်ခန်းတွင်ထိုင်ကာ စိန်တွေကိုကြည့်နေသည်
ရတနာပွဲစားဆိုတော့ ရတနာတွေကိုအထိအခိုက်မရှိအောင်အရင်စစ်ရအုန်းမည်လေ
မနက်ပိုင်း ဖြစ်၍ ဘတုတ်သည်လဲစျေးထွက်သွားပြီဖြစ်သည်
ဒါကြောင့် အိမ်တွင် ညှို့တစ်ယောက်ထဲဖြစ်သည်

ညှို့သည် စိန်တွေကိုအာရုံစူးစိုက်စွာကြည့်နေရင်း မထင်မှတ်ထားသည့်အသံတစ်ခုကိုကြားလိုက်ရသည်

"ညှို့ "

ဒီအသံသည် ညှို့ကိုခနတာတွေဝေသွားစေသည်
မဖြစ်နိုင်သည့်အသံပင်ဖြစ်သည်
နွေးထွေးမှုတွေပါနေသည့်အသံ ဖြစ်ပေမဲ့ထိုအသံသည်ညှို့အတွက် လုံးဝမထင်မှတ်သည့်အသံဖြစ်ပေသည်
ညှို့သည် အသံလာရာဖြစ်သည့်ဘေးဘက်ကိုခေါင်းလေးလှည့်၍ကြည့်လိုက်သည်

ညှို့ကြည့်လိုက်သည့်အခါ လုံးဝမဖြစ်နိုင်ပေ
မောင်ဆိုတဲ့အမျိုးသားသည် သူ့မျက်လုံးရှေ့တွင် မတ်တပ်ရပ်လျက်ဖြစ်နေသည်
ညှို့မျက်လုံးအပြူးသားလေးဖြင့်

"မောင်...အာ...ကိုနှင်းမောင် ဘာလာလုပ်တာလဲ ဘာကိစ္စများရှိလို့လဲ "

"ဘာကိစ္စ ရယ်လို့တော့မဟုတ်ပါဘူးမောင်ဒီနားမှာအလုပ်ကိစ္စရှိလို့လာရင်း ညှို့ကိုသတိရလို့ဝင်လာတာပါ "

"အော် ဟုတ်ကဲ့ "

သတိရလို့တဲ့လားမောင်ရယ်
အရင်တုန်းက ဘာလို့သတိမရခဲ့တာလဲ

"မောင် ခနထိုင်မယ်နော် "

"ဟုတ်ကဲ့ ထိုင်ပါ "

နှင်းမောင်သည် ခေါင်းညိတ်ပြ၍ ညှို့နဲ့မျက်နှာချင်းဆိုင်ခုံတွင်ထိုင်လိုက်လေသည်
နောက်တော့ညှို့ကိုကြည့်နေမိသည်
ညှို့သည် အရင်လိုမိန်းမလိုမဟုတ်တော့တာတောင် လှနေဆဲပင်ဖြစ်သည်

"ညှို့အဆင်ပြေတယ်မဟုတ်လား "

"ပြေတာပေါ့ မပြေစရာဘာအကြောင်းရှိလို့လဲဗျာ "

"ဟင့် စကားပြောတာလေးကတောင်ယောကျာ်းဆန်လာပြီပဲ ညှို့ကတော့ဘယ်လိုနေနေတကယ်လိုက်ဖက်တာပဲကွာ "

"ယောကျာ်းတစ်ယောက်လိုနေမှတော့ယောကျာ်းမဆန်လို့လဲမရဘူးလေ ကိုနှင်းမောင် ရယ် "

ညှို့စေNơi câu chuyện tồn tại. Hãy khám phá bây giờ