၁၀(U/Z)

728 37 0
                                    

မှိုင်းခင် သည် ဒေါသတွေ အရမ်းထွက်ကာသူ့အိမ်ရှိရာဆီကို လာခဲ့လေသည်
အိမ်ကိုရောက်တော့ ဧည့်ခန်းထဲက ခုံပေါ်ဆောင့်ထိုင်ပစ်လိုက်သည်
သူမဒေါသတွေအရမ်းထွက်နေတာကြောင့် လက်သီးကိုကျစ်နေအောင်ဆုပ်ထားမိသည်

"ငါ့ကိုများ ဘာအဆင့်မှမရှိတဲ့မိန်းမကများ"

လို့တစ်လုံးချင်းပြောလိုက်လေသည်
နောက်တော့သူမ နှာမှုတ်ထုတ်လိုက်လေသည်

အဲ့အချိန် သူ့အဖေဉီးရာဇကပြန်လာလေသည် ဉီးရာဇနဲ့အတူတူ သူဌေးဉီးမောင်းစိန်လဲပါလာလေသည်
ဉီးမောင်းစိန်သည် ဉီးရာဇထက်ပိုချမ်းသာပြီး ဘုရင်ခံနဲ့လဲအရမ်းရင်းနှီးတာကြောင့် ဉီးရာဇတို့က ရှိန်ရလေသည်
တရားမဝင်တဲ့အလုပ်တော်တော်များများလုပ်တာကို ဉီးမောင်းစိန်က လဲသိနေသောကြောင့် ဉီးမောင်းစိန်ကို ဘုရင်တစ်ပါးဆက်ဆံရသည်

ပြန်ပင်ရောက်လာတော့ သမီးဖြစ်သူကိုတွေ့သည်

"သမီး ဘယ်တုန်းကပြန်ရောက်နေသတုန်း"

"အခုလေးတင်ပါ အဖေ ဧည့်သည် ပါလာတာလား"

"ဟုတ်တယ် သမီး သူဌေးကြီးဉီးမောင်းစိန်လေ"

"အော် ဉီးသတင်းတွေကြားရပါတယ် ဉီးကသိပ်တော်တဲ့သူပဲရှင့်"

"ဟုတ်လား"

"ဟုတ်ကဲ့"

ဉီး​မောင်းစိန်သည် ဉီးရာဇရဲ့မျက်နှာကိုကြည့်တော့ ဂုဏ်ယူဖွယ်အတိနဲ့ပြည့်နေသည်
ထက်မြက်တဲ့သမီးတစ်ယောက်ရတာ ဘယ်အဖေကဂုဏ်မယူပဲအနေနိုင်မလဲ

"ဟုတ်ကဲ့ ဒါဆိုသမီးအလုပ်ရှိသေးလို့ခွင့်ပြုပါအုန်း"

"အေးပါ "

မှိုင်းခင်သည် အဖေဖြစ်သူ ကိုနှုတ်ဆက်ပြီးထွက်လာလေသည်
အဲ့အခါ ဉီးမောင်းစိန်သည် ဉီးရာဇကိုကြည့်လိုက်ပြီး ပြောလိုက်လေသည်

"ခင်ဗျားသမီးကသိပ်ကိုထက်မြက်မယ့်ပုံပဲ"

"ဟုတ်တာပေါ့ဗျာ"

"ဟင်းးထက်မြက်တဲ့သားသမီးရထားတဲ့ခင်ဗျားကကံကောင်းလိုက်တာဗျာ အိမ်ကကျုပ်သားကတော့ လူဆိုးလူမိုက် စိတ်ကုန်တယ်ဗျာ..."

ညှို့စေWhere stories live. Discover now