နှင်းမောင်အိမ်အပြန်အရောက်တွင် အိမ်၌လူတွေစုံနေတာကိုတွေ့ရသည်
ထို့ကြောင့်သူဖွင့်ပြောချင်သည့်စကားကို အကုန်လုံးသိအောင်ဖွင့်ပြောနိုင်မည်"ကျွန်တော် အရေးကြီးတာလေးပြောချင်လို့"
နှင်းမောင်ထိုကဲ့သို့စကားစလိုက်တော့ အကုန်လုံးသည်နှင်းမောင်ကိုကြည့်လိုက်လေသည်
အဲ့အထဲတွင်အမေဖြစ်သူသည် နှင်းမောင်ကိုမေးလိုက်သည်"ဘာမို့လို့လဲ သားလာထိုင် "
နှင်းမောင်သည် သူ့အမေလက်ဖြင့်ပုတ်ပြသောနေရာတွက်ဝင်ထိုင်လိုက်သည်
သူသည်အသက်ကို ရှုထုတ်လိုက်ပြီး အိမ်တွင်အဓိကဖြစ်သည့်သူ့ရဲ့အဖေကို ကြည့်လိုက်သည်"အဖေ "
"အင်း "
"သားလက်ထပ်တော့မယ်"
ထိုစကားကြောင့် တစ်မိသားစုလုံး နှင်းမောင်ကိုအံ့သြစွာကြည့်လိုက်ကြသည်
အမေဖြစ်သူသည်ဘေးနားတွင်ထိုင်နေတဲ့သားကို သိုးမွှေးထိုးထားတာကိုကိုင်လျက်ပင် အံ့သြ စွာကြည့်နေသည်
သူ့အမနဲ့ယောက်ဖဆိုရင်လဲ သူ့ကို ကြောင်အစွာကြည့်နေသည်
အဖေဖြစ်သူဆိုသတင်းစာကိုကိုင်လျက် ကြည့်နေမိသည်ထိုအခါ အမဖြစ်သူက
"ညီမခင်နဲ့လား "
"မဟုတ်ဘူး "
ထိုစကားကြောင့် အကုန်လုံး ထပ်အံ့သြရပြန်သည်
နှင်းမောင်ရဲ့အဖေသည် မျက်နှာတစ်ခုလုံးမဲမှောင်နေသည်"မင်း မှိုင်းခင်နဲ့မှမဟုတ်ရင်ဘယ်သူနဲ့မှလက်မထပ်ရဘူး "
"အဖေဒါ ကျွန်တော့်ဘဝပါကျွန်တော်ကြိုက်သလိုစီစဉ်မှာပေါ့ "
"မင်းတော့"
နှင်းမောင်အဖေသည်ထထိုးဖို့လုပ်တော့ အမေဖြစ်သူကအတင်းဆွဲသည်
အမနဲ့ယောက်ဖကလဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်"ရှင်ကလဲ နေစမ်းပါအုံး "
အမေဖြစ်သူရဲ့ပြောမှုကြောင့် အဖေဖြစ်သူဒေါသကိုထိန်းကာ ပြန်ထိုင်လိုက်သည်
အဲ့အခါအမေဖြစ်သူသည်နှင်းမောင်ကို စိတ်ပင်ပန်းစွာကြည့်လိုက်လေသည်
ESTÁS LEYENDO
ညှို့စေ