၄(U/Z)

1K 53 2
                                    

ဘတုတ်ညှို့ဆေးလိမ်းပြီးတာခံပြီးတော့ ပြန်သွားခဲ့သည်။
ညှို့ကတော့ အပြင်ကိုမထွက်တော့ပေ
ဘာလို့ဆိုသူ့အမေကသူ့ကိုအခန်းတွင်းအကျယ်ချုပ်ချုပ်ထား သောကြောင့်ဖြစ်သည်
အမှန်တိုင်းပြောရရင် ညှို့နေတဲ့နေစဉ်ဘဝက အခန်းတွင်း အကျယ်ချုပ်လိုပင်
အိမ်ထဲကနေအိမ်ပြင်တစ်ခါမှမထွက်လာချေ
အိမ်ထဲတောင်မပြောနဲ့ အခန်းပြင်တောင်မထွက်ချေ သူ့အခန်းထဲမှာဓာတ်ပြားကြီးဖွင့်ပြီးတစ်နေကုန်တစ်နေကန်းအလုပ်မရှိအကိုင်မရှိ အခန်းတွင်းပဲအောင်းနေသည်ဖြစ်၍
ဒီအကျယ်ချုပ်တာလောက်ကတော့ ညှို့အတွက်အေးဆေးပေ
မေမေကသူနဲ့အနီးမှာမရှိတော့ညှို့မကြောင်းမသ်ိသောကြောင့် အိမ်အကျယ်ချုပ်ကညှို့ပတွက်အရမ်းဆိုးတဲ့ပြစ်ဒဏ်လို့သတ်မှတ်ကာပေးခြင်းဖြစ်သည်
ဒါပေမဲ့ဒီအကျယ်ချုပ်က ညှို့ရဲ့နေစဉ်ဘဝနဲ့ဘာမှတောင်မထူးပေ

ညှို့သည် ဓာတ်ပြားသီချင်း ကိုဖွင့်ကာ သူ့အမေအကြောင်းကိုစဉ်းစားနေသည်

သူ့အမေကသူ့အပေါ်ဆိုးဝါးလွန်းလို့ သူအမေရင်းမှကောဟုတ်ရဲ့လားလို့တွေးမိနေသည်
ဘယ်အမေကမှကိုယ့်သားသမီးကို ဘဝမပြောင်းပေ ကိုယ့်သားသမီးကဘဝပြောင်းချင်ရင်တောင်ဒေါသထွက်ကြတဲ့လူတွေချည်းပဲပင် ဒါပေမဲ့မေမေကတော့အဲ့သလိုမဟုတ်ပေ
ရေကိုဆီဖြစ်အောင်ပြောင်းနေသလိုပင်
မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နေသည်

မေမေကညှို့သိတတ်စအရွယ်ထဲက ညှို့ကိုမိန်းမတစ်ယောက်လိုရှင်သန်ခိုင်းသည်
မိန်းမတစ်ယောက်လိုဝတ်ခိုင်းသည်
မိန်းမတစ်ယောက်လိုစကားပြောခိုင်းသည်
မိန်းမတစ်ယောက်လိုပြုမှုခိုင်းသည်
သားလို့ပြောရင်မေမေကရိုက်သည်
အရွယ်ရောက်လာလို့ကျွန်တော်လ်ို့ပြောရင်လဲရိုက်သည်
ညှို့တစ်ယောက် အရွယ်ရောက်လာတော့သူ့ကိုယ်သူသမီးလို့သုံးရမှာလဲရှက်သလိုကျွန်မလို့ပြောရမှာလဲရှက်သည်
ဒါ့ကြောင့် သူ့နာမည်လေးဖြစ်သည့်ညှို့ကိုပဲသုံးနှုန်းသည်
ကျောင်းတက်တုန်းကလဲ မိန်းမလေးလိုဝတ်တာကြောင့် မိန်းကလေးသူငယ်ချင်းတွေနဲ့ရင်းနှီးရသည်
ညှို့ကယောကျာ်းလေးတစ်​ယောက်ဖြစ်မှန်းဘယ်သူမှမသိကြပေ
ဒါကိုညှို့နေရခက်သည် ညှို့လဲယောကျာ်းလေးတွေလို ကျောက်ဒိုးပစ်ချင်သည်
သစ်ပင်ပေါ်တက်ချင်သည်
ဒါပေမဲ့ညှို့ကမိန်းကလေးတွေနဲ့အိုးပုတ်ခွက်တွေနဲ့ကစားရသည်
ဒါပေမဲ့ဘတုတ်ရောက်လာတော့ ဘတုတ်နဲ့အတူတူကစားဖြင့်သည် ဘတု​တ်သည် မေမေမသိအောင် ကျောက်ဒိုးပစ်တာတို့
သစ်ပင်တက်တာတို့ကိုသင်ပေးသည်
ညှို့သစ်ပင်ပေါ်တက်တတ်ပြီးနောက်ပိုင်း မေမေအိမ်မှာမရှိတာနဲ့ဘတုတ်နဲ့သစ်ပင်ပေါ်တက်ဆော့တော့သည်

ညှို့စေWhere stories live. Discover now