၁၇(U/Z)

718 27 1
                                    

နှင်းမောင်တစ်ယောက် သူ့အလုပ်တွင် အလုပ်လုပ်နေတုန်း သူ့ဆီရောက်လာတဲ့လူနှစ်ယောက်ရှိသည်
အဲ့ဒါသူ့အမနဲ့သူ့ယောက်ဖဖြစ်သည်

သူတို့လာရတဲ့အကြောင်းအရင်းက အမေကသူ့ကိုသိပ်တွေ့ချင်နေလို့တဲ့
နောက်ပြီးသူ့အမေအပြင်းဖျားနေတယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်သည်

ထို့ကြောင့်နှင်းမောင်သည် အလုပ်တွေကိုထားခဲ့ရပြီး လိုက်သွားခဲ့လေသည်

ဟိုရောက်တော့ အဖေဖြစ်သူမရှိတောကြောင့်အနည်းငယ်သက်သာသွားသည်

သူသူ့အမေရှိတဲ့အခန်းထဲကိုဝင်သွားလိုက်တော့ ကုတင်ပေါ်တွင် လှဲလျောင်းနေတဲ့ အမေဖြစ်သူကိုတွေ့ရလေသည်
သူသည်စိတ်မကောင်းဖြစ်သွားမိသည်
အဲ့အခါသူ့အမေနားသွားထိုင်လိုက်သည်
သူ့အမေကတော့မျက်လုံးမှိတ်ထားလျက်ပင်

"မေမေ..."
နှင်းမောင်သည် နူးညံစွာခေါ်လိုက်မိတဲ့အခါ
သူ၏အမေသည် ညင်သာစွာဖွင့်ကြည့်သည်
သားဖြစ်သူရဲ့မျက်နှာကိုတွေ့သည့်အခါ အမေဖြစ်သူသည် ကုန်းရုန်းထကာ သားကိုဖက်လိုက်လေသည်

"သားလေးရယ်မေမေသတိရနေတာ "

"ကျွန်တော်ကောပဲ..."

နှင်းမောင် အမေဖြစ်သူကိုတင်းကျပ်စွာဖက်ထားမိသည် သူ့အမေသည်သူ့နဲ့မတွေ့ရတာကြာတဲ့အခါမျက်နှာလေးချောင်ကျသွားလေသည်
နှင်းမောင်သည်ဟာကိုစိတ်မကောင်းဖြစ်မိသည်

နှင်းမောင်အမေသည် နှင်းမောင်ကိုဖက်ကာအချိန်တော်တော်ကြာငိုခဲ့သည်
နှင်းမောင်သည်အမေဖြစ်သူကိုတော်တော်ပင်သနားခဲ့သည်
နှင်းမောင်အမေအားရပါးရငိုပြီးတဲ့အခါ

"မေမေရယ် ကျန်းမာရေး ကိုဂရုစိုက်ပါ သားကိုစိတ်ပူရအောင်မလုပ်ပါနဲ့ "

နှင်းမောင်သည်သူ့အမေရဲ့ မျက်နှာကချွေးလေးတွေကိုသုတ်ကာပြောလိုက်လေသည်
ထိုအချိန် နှင်းမောင်အမေသည် နှင်းမောင်လက်ကိုရုတ်တရက်ဆွဲဆောင့်လိုက်လေသည် သူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားလိုက်လေသည်

"သားရယ်ဟိုကောင်လေး ဆီမသွားပါနဲ့တော့နော်"

"မေမေရယ်"

ညှို့စေTempat cerita menjadi hidup. Temukan sekarang