၁၄(U/Z)

600 31 1
                                    

ညှို့ရဲ့သတင်းသည် မှိုင်းခင်ရဲ့နားဝယ်ရောက်သွားတော့ မှိုင်းခင်သည် ပျော်နေမိသည်
ကျေနပ်တဲ့အပြုံးပြုံးဖြင့်နေနေသည်

ဒါ့ကြောင့် သူမရဲ့မျက်နှာသည် အရင်ထက်ပိုလန်းနေသည်

မိုးမြင့်သည် မှိုင်းခင်ဆီလာလည်ချိန်မှိုင်းခင်ရဲ့ ပြုံးနေသည့်မျက်နှာလေးကြောင့်သူစိတ်ချမ်းသာမိသည်
ဘာကြောင့် ပျော်နေမှန်းမသိပေမဲ့
ဒီလိုလေးပြုံးနေတာနဲ့တင် သူ့ရင်ထဲအေးချမ်းမိသည်

ခင့်ကိုပြုံးနေစေချင်တယ်.......

......................

ညှို့သည် အိမ်ထဲကအိမ်ပြင် အခန်းထဲကအခန်းပြင်တောင်မထွက်ချေ
ရှက်လို့မထွက်တာလားလို့မေးရင် မဟုတ်ပေ. သူကဘာကိစ္စရှက်ရမည်နည်း
သူ့တွင်ဘာအပြစ်မှမရှိပေ
အခုသူမထွက်တဲ့အကြောင်းရင်းကလဲ အပြင်ကိုထွက်ပြီးနေချင်စိတ်ပင်မရှိသောကြောင့်ဖြစ်သည်
သူ့အခန်းထဲဝယ် အောင်းနေခြင်းသည် သူ့အတွက်စိတ်ပျော်ရွင်ရသည်လို့ ခံစားရနေသောကြောင့်လဲပါသည်

သည်ကနေ့လဲသူသည် အခန်းထဲတွင် အောင်းနေသည်
မနက်စာလဲမစားပေ
ဘတုတ်သည်အပေါက်ဝရှေ့လာပြီး မနက်စာမစားလို့လာလာဆူနေလျက် ရှိသည်

ညှို့အာရုံမစိုက်ပေ သူမစားချင်တာကိုအတင်းကျွေးတယ်လို့ဘတုတ်ကိုထင်မြင်နေသည်

အခုတော့ သူဘာမှမစားရသေးတာကြောင့် ဗိုက်ကစည်တီးလာလေသည်
ဘာမှစားချင်စိတ်မရှိပေမဲ့ လက်ဖက်ရည်လေးတစ်ခွက်တော့သောက်မယ် လို့ တွေးကာသူသည် အိမ်အောက်ဘက်ကိုဆင်းလာလေသည်
အိမ်အောက်ဘက်ကိုရောက်တော့ မီးဖိုးဆောင်ကိုမသွားခင် သူ့အမေသည်အခန်းထဲဝယ်အလုပ်တွေရှုပ်နေတာကိုတွေ့ရလေသည်

ညှို့လဲ မီးဖိုဆောင်ကို အရင်မသွားပဲနဲ့သူအမေဆီကိုအရင်သွားလိုက်လေသည်

"မေမေဘာလုပ်နေတာလဲ"

"အကျီထည့်နေတာလေ "

"ဘယ်သွားမလို့လဲ "

"ရန်ကုန် ကို စိန်ပြပွဲရှိတယ် အဲ့ဒါသွားမလို့"

"ဘယ်နှစ်ရက်ကြာမှာမို့လို့လဲ"

ညှို့စေWhere stories live. Discover now