သန်းနောင်သည် ညှို့ဆီကို မြရည်နဲ့မကွာရှင်းခင်က ရောက်လာခဲ့လေသည်
ရောက်လာပြီး မြရည်နဲ့သူ့အမေအစားတောင်းပန်ကြောင်းပြောခဲ့လေသည်ညှို့သည် ဘာမှပင်ပြန်မပြောခဲ့ချေ
သူတို့ကိုခွင့်လွှတ်ပေးပါလို့ပြောတဲ့အခါညှို့သည် ငြင်းဆန်ခဲ့သည်အဘယ်ကြောင့်သူ့ကိုအိမ်ထိလာပြီး စော်ကားသွားတဲ့သူတွေကိုခွင့်လွှတ်ပေးရမည်နည်း
ညှို့သည်လူသားတစ်ယောက်
ခံစားချက်ရှိတဲ့လူသားတစ်ယောက်ပင်ဖြစ်သည်
ခန္နီစ ပါရမီတွေနဲ့ပြည့်စုံနေတဲ့လူတစ်ယောက်လဲမဟုတ်ပေ
ဒါကြောင့်ညှို့သည် မမြရည်တို့ခွင့်လွှတ်ဖို့စိတ်တောင်မကူးချေဒါကြောင့် ညှို့ကိုသန်းနောင်ကိုပြောခဲ့သည်
"ကိုသန်းနောင်ကို တော့အားနာပေမဲ့ ညှို့မမြရည်တို့သားအမိကိုခွင့်မလွှတ်ပေးနိုင်ဘူး ဒါ့ကြောင့်ကိုသန်းနောင်မုန်းချင်တယ်ဆိုရင်လဲရပါတယ် "
"အို ကိုယ်ကညှို့ကိုမုန်းစရာလား မမုန်းပါဘူး ညှို့ခံစားချက်ကို ကိုယ်နားလည်ပါတယ် ညှို့ကိုအတင်းမတောင်းဆိုပါဘူး"
ညှို့သည် ယဲ့ယဲ့လေးသာပြုံးပြခဲ့သည်
အဲ့နေ့ပြီးနောက်ရက်တွင် မြရည်နဲ့သန်းနောင်တရားဝင်ကွာရှင်းပြတ်ဆဲခဲ့သည်
သန်းနောင်နဲ့မြရည် ရဲ့ကွာရှင်းပြတ်ဆဲတဲ့သတင်းက တစ်မြို့လုံးကိုတောမီးမပါပြန့်သွားစေပြီး အံ့သြရစေသည်
သည်တောမီးရဲ့လောင်ကျွမ်းမှုအစများသည် အဆမတန်များပြားတာကြောင့် တစ်မြို့လုံးတွင် နာမည်ကြီးသတင်းတစ်ပုဒ်ဖြစ်လာခဲ့လေသည်
ထိုသတင်းရဲ့မီးစသည် မြို့ထဲတွင်နေထိုင်တဲ့အပြစ်မရှိတဲ့ကောင်လေးပေါ်များစွာကျရောက်လာခဲ့သည်မှာ ကာယံရှင်ကိုယ်တိုင်တောင်မသိပေ
သည်မီးစသည် ထိုကောင်လေးရဲ့ဘဝကိုအဆုံးထိနစ်မြုပ်သွားစေသည်"ကြားပြီးပြီလား အရေးပိုင်မင်း ကွာရှင်းတဲ့အကြောင်းရင်းက လွန်းရတနာဆိုင် ပိုင်ရှင်ရဲ့သမီးနဲ့ဆက်စပ်နေတယ်တဲ့"
YOU ARE READING
ညှို့စေ