၁၈(U/Z)

648 28 0
                                    

  နောက်နေ့မနက် ညှို့ဖြစ်စေချင်တဲ့အတိုင်း နှင်းမောင်ကိုလိုက်ရှာခဲ့သည်
စိတ်ပူတတ်တဲ့ကောင်လေးက မနက်ထဲက မိုးမလင်းသေးဘူး ဘတုတ်အခန်းတံခါးကိုလာခေါက်လေရဲ့

ညှို့သည်နှင်းမောင်သည် သူ့မိဘအိမ်မှာဆိုတာကိုညှို့လုံးလုံးမသိတာကြောင့် တစ်ခုခုဖြစ်နေမှာကိုညှို့စိုးရိမ်နေသောကြောင့်ဖြစ်သည်

နှင်းမောင်ကလဲ ညှို့ဆီပြန်မလာသလို ဆက်လဲမဆက်သွယ်ပေ

ညှို့တစ်ယောက် တစ်မနက်လုံး နှင်းမောင်ကိုလိုက်ရှာတာရှာမတွေ့တော့ ချေ

ဒီလိုနဲ့အိမ်ကိုပြန်ရောက်လာခဲ့တော့ ညှို့သည်အင်အားလျော့စွာ ဧည့်ခန်းထဲကခုံပေါ် ပစ်ထိုင်မိသည်
ဘတုတ်ကတော့ ညှို့ကိုကြည့်ပြီး သနားနေမိသည်
အမြဲတမ်းတည်ငြိမ်နေတဲ့မျက်နှာလေးဟာအခုတော့ ချွေးတွေနဲ့ ပူလောင်နေသည်

မျက်နှာမှာပူလောင်နေတာကိုတောင်တွေ့ရတာ ရင်ထဲမှာ ဘယ်လောက်တောင်ပူလောင်နေမလဲဆိုတာကို ဘတုတ် ခံစားမိသည်

ဘတုတ်သည် ညှို့နားကိုသွားလိုက်လေသည်
အနားတော့ နဖူးပေါ်ကချွေးတွေကိုသုတ်ပေးလိုက်သည်
အဲ့အခါ သူ့ကိုမော့ကြည့်တဲ့ ကောင်လေးကြောင့် ဘတုတ်ထိတ်လန့်သွားမိသည်

မျက်ရည်တွေရစ်ဝိုင်းတဲ့ မျက်ဝန်းနဲ့ကြည့်နေတဲ့ကောင်လေးပေါ့

ဘတုတ်သည် ညှို့ရဲ့ခြေရင်းနားမှာဒူးထောက်ထိုင်လိုက်ပြီး

"ညှို့ ဘာလို့လဲဟင် "

"ဘတုတ် မောင်တစ်ခုခုဖြစ်နေတာမျိုးဆိုရင်ဘယ်လိုလုပ်မလဲ "

"............................"

ညှို့ သည်အရင်နဲ့မတူပေ
အရင်က ရေခဲပမာအေးစက်သူက အခုတော့တစ်စုံတစ်ယောက်ကြောင့်မျက်ရည်တွေ တောင် ထွက်တတ်နေပြီ

ဘတုတ် သက်ပြင်းချမိသည်
ထိုသက်ပြင်းလေးဟာတိုးတိုးလေးပါပဲ

"အရမ်းကြီးစိတ်မပူပါနဲ့ ညှို့ရယ် နှင်းမောင်ကိစ္စတစ်ခုခုရှိလို့ပြန်မလာနိုင်တာဖြစ်မှာပေါ့"

"ဒါပေမဲ့ ငါစိတ်ပူတယ် ဘတုတ်...."

"ဒါဆို ကျုပ်တို့လူပျောက်တိုင်ကြမလား"

ညှို့စေWhere stories live. Discover now