"ဘတုတ် ဒါမင်းစောင့်ရှောက်ရမယ့်သူပဲ "
၉နှစ်အရွယ်ဘတုတ်ကို အဖွားဖြစ်သူက ၁၂နှစ်အရွယ်ညှို့ကို ပြ၍ပြောလိုက်ခြင်းပင်ဖြစ်သည်
ဧည့်ခန်းထဲတွင် ညှို့တို့မိသားစုကခုံပေါ်တွင်ထိုင်နေပြီး ဘတုတ်နဲ့သူ့အဖွားကတော့ ကြမ်းပြင်တွင်ထိုင်နေသည်ဘတုတ်သည် အဖွားပြောတဲ့ လူကိုကြည့်မိသည် သူ့ကိုလူသေတစ်ယောက်မျက်နှာထားနဲ့ကြည့်နေတဲ့ သူကိုတွေ့တော့ဘတုတ်မျက်မှောင်ကျုတ်မိသွားသည်
အကြည့်တွေက ဘာခံစားချက်မှ မပါတဲ့အကြည့်မျိုးနဲ့
ဘတုတ်တိုးတိုးလေး ရေရွတ်မိသည်ဘတုတ်သည် ညှို့ကိုစစတွေ့ချင်းတုန်းက ကြည့်လို့မရခဲ့ပေ
အဘယ်ကြောင့်ဆိုသော် ညှို့သည် ယောကျာ်းဖြစ်လျက်နဲ့ မိန်းမလိုဝတ်ဆင်သောကြောင်ံ့ဖြစ်သည်
ထို့အပြင် စကားပြောဆိုးသောကြောင့်လဲဖြစ်သည်ဘတုတ်ညှို့ကို စောင့်ရှောက်လာတာတစ်လပင်ပြည့်တော့မည်
စကားကို ၃ခွန်းပြည့်အောင်တောင်မပြောတဲ့သူက ပြောလိုက်ရင်လဲကြားရသူအတွက်မသက်သာပေ စကားချိုချိုလေးတွေကိုမသုံးတတ်သူဖြစ်တာကြောင့်လဲဖြစ်သည်
ဘတုတ်တစ်ယောက် အမြဲတမ်းတိတ်ဆိတ်နေပြီး စကားမပြောတဲ့လူနားမှာအမြဲနေရသည်
ဘာကြောင့်လဲဆိုတော့ညှို့ကခနခန အိမ်ကနေထွက်ထွက်ပြေးသွားတတ်လို့တဲ့သည်ကြောင့် ညှို့နားမှာအမြဲတစေနေပြီး စောင့်ကြည့်နေရသည်
ဒီအလုပ်ကဘတုတ်ကိုပျင်းရိစေသည်တစ်ရက်တွင် ဘတုတ်သည်ပျင်းတာနဲ့ ညှို့ကိုထားခဲ့ပြီး လမ်းထဲတွင် သူငယ်ချင်းတွေနဲ့ဒိုးသွားပစ်လေသည်
သူထားခဲ့သည်မှာလဲ တစ်လ လုံးလုံး သူစောင့်ကြည့်နေသည့် ညှို့မှာ အမြဲတိတ်ဆိတ်နေပြီး အခန်းထဲကတောင်မထွက်သောကြောင့်ပင်ဖြစ်သည်
ဘတုတ်သည် ဒိုးပစ်တာနိုင်တာကနေ အပျော်လွန်ပြီးပြန်လာခဲ့လေသည်အပြင်ကပြန်လာတော့သူ့တာဝန်ဖြစ်သည့် ညှို့ကိုစောင့်ရှောက်ဖို့ဆိုတဲ့တာဝန်ကို ထမ်းဆောင်ဖို့ ညှို့ကိုလိုက်ရှာသည်
ဒါပေမဲ့တစ်အိမ်လုံးတွင် ညှို့ကိုမတွေ့ပါ
ဘတုတ်လန့်သွားပြီး အိမ်ပတ်ဝန်းကျင်တွင် ညှို့သွားတတ်တဲ့နေရာတွေကိုလိုက်ရှာလေသည်
ဒါပေမဲ့ဘယ်နေရာမှာမှ ညှို့ကိုမတွေ့ပေ
YOU ARE READING
ညှို့စေ