၇(U/Z)

768 50 0
                                    

နှင်းမောင် ညှို့ရဲ့အိမ်ကိုသိပြီးနောက် နေ့တိုင်းရောက်ချလာသည်
ရောက်လာတိုင်းလက်မှာ ပန်းတစ်ပွင့်စီနဲ့ပေါ့
နေ့တိုင်း မတူကွဲဲပြားတဲ့ ပန်းတွေက်ိုယူလာပြီး ညှို့ကိုပန်းရဲ့အဓိပ္ပါယ်လေးတွေကို ပြောပြရှာသည်
ညှို့ကတော့ နှင်းမောင်က်ို အံ့သြနေမိသည်
အဘယ်ကြောင့် ဆိုသော် ဒီလိုမတူညီတဲ့ပန်းအမျိုးအစားတွေကို ဘယ်ကရှာလာခဲ့တာလဲဆိုတာကိုပင်
နေ့တိုင်းလိုလိုရောက်ချလာပြီး ပန်းတွေအကြောင်းက်ို ရှင်းပြသည်
ပြီးရင် အဲ့ပန်းတွေကို ညှို့ကိုလက်ဆောင်ပေးသည်
ဒါပေမဲ့ညှို့ကတော့ အဲ့ပန်းလေးကိုတွေကို ငယ်ထွေးကိုပဲပေးပစ်သည်
သူမှအဲ့ပန်းတွေကို မလိုချင်တာလေ...

ဒါပေမဲ့ နှင်းမောင်နဲ့ရင်းနှီးလာတာကြာလာတော့ ညှို့သည် နှင်းမောင်အပေါ် အနည်းငယ်ခံစားချက်ရှိလာသည်

နှင်းမောင်ရဲ့စကားပြောပုံတွေ
ပြုံးပုံတွေ ကို ညှို့ကြာလာတော့ သဘောကျလာတယ်လိုပင်ပြောရပေမည်
အဲ့ဒါက ညှို့တစ်ယောက်ကိုနှင်းမောင်က််ို ချစ်မိပြီဆိုတဲ့ အဓိပ္ပာယ် များလား.......

"ညှို့ "

အတွေးတွေများနေတဲ့ ညှို့ကို နှင်းမောင်ခေါ်လိုက်ခြင်းဖြစ်သည်

"ဘာတွေတွေးနေတာလဲ "

"ဒီတိုင်းပါပဲ"

"အင်းဟုတ်ပါပြီ ကဲဒါဖြင့် ရော့ဒီပန်းကထုံးစံအတိုင်းလက်ဆောင်"

"ဟုတ်ကဲ့........ကိုနှင်းမောင် ​နောက်ဆို ပန်းတွေမယူလာပါနဲ့တော့"

"ဘာလို့လဲ"

"ဒီတိုင်းပါပဲ ကိုနှင်းမောင် ညှို့ကိုပန်းတွေအကြောင်းပြောပြစရာမလိုတော့ဘူးလို့တွေးမိလို့ပါ"

"ဘာဖြစ်လို့လဲညှို့......."

"ညှို့မသိဘူး ညှို့အထင် ညှို့ပန်းကြိုက်တတ်လာတယ်လို့ထင်တယ်"

"ဟေ....တကယ်လားညှို့"

ညှို့ခေါင်းညိတ်ပြသည်

နှင်းမောင်သည် သွားပေါ်အောင်ပြုံးလိုက်ကာ

"ဒါဆိုမောင်ညှို့ကို ပန်းကြိုက်တတ်အောင်သင်ပေးတဲ့ ဟာက အောင်မြင်သွားတာပေါ့ ဟုတ်လားညှို့"

ညှို့စေWhere stories live. Discover now