(Part-4)

2K 57 0
                                    

သူမလက်ရာမဟုတ်သည့် ကော်ဖီအား ဟန်မပျက် သောက်ရင်း မြင်လိုက်ရသောအရိပ်တစ်ခုကြောင့် ကော်ဖီခွက်ကို အသာချထားလိုက်သည်။
နက်ပြာရောင် ဒူးဖုံးဂါဝန်လေးနှင့် ဆံနွယ်ရှည်တို့ကို ထုံးဖွဲ့ထားသော ထိုမိန်းကလေးအား သူ့စံအိမ်မှ အလုပ်သမားဟု ပြောလျှင် မည်သူမျှယုံမည်မထင်။

လမ်းတစ်ခေါက်လျှောက်တိုင်း ရှုံ့သွားသော မျက်နှာလေးက မသက်သာသည့်ဟန်။သူ့အနီးသို့ ရောက်လာတော့ ထုံးစံအတိုင်း ခေါင်းလေးငုံ့ကာ ရပ်နေသည်။

"ဒေါ်သက်.....‌ဒေါ်သက်"

"ဟုတ်ကဲ့ သခင်လေး"

သူ့အသံကြောင့် မီးဖိုခန်းထဲမှ ပြာယာပြာယာထွက်လာသော‌ဒေါ်သက်၏ ဟန်သည် တစ်စုံတစ်ခုကို စိုးထိတ်နေ၏။

"ကုမ္ပဏီယူနီဖောင်း မရှိလို့လား။ဘယ်လိုဖြစ်တာလဲ"

"ဟို....ယူနီဖောင်းက သူနဲ့ချောင်နေလို့ပါ။ပြီးတော့ ခြေထောက်ကလည်း မသက်သာသေးတော့....."

သူလက်ကာပြသည်နှင့် ဘာစကားမှ ထပ်မဆိုဝံ့ပဲ တန်းရပ်သွားသည့် ဒေါ်သက်။

"နောက်နေ့တွေအမှီ ချုပ်ဖြစ်အောင် ချုပ်ထားခိုင်းလိုက်ပါ။မသက်သာလည်း ဝတ်ခိုင်းရင် ဝတ်ရမယ်လေ"

သူမကို ပြုံးထေ့ထေ့ကြည့်ကာ အပေါထပ်သို့ပြန်တက်သွားသည့် သူ့ကို တစ်ချက်ပင်မော့ကြည့်၍ ခေါင်းတို့ကို အလိုလိုငုံ့လျှိုးသွားရသည်။အင်း‌ေပါ့။မသက်သာလည်း ဝတ်ရမယ်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

နီညိုရောင် အနောက်တိုင်း ဝတ်စုံနှင့်သူသည် သန့်ပြန့်လိုနေပါ၏။သူမလက်ထဲသို့ ဖိုင်တစ်ထပ်ကြီး ထည့်လိုက်သည်မို့ အရှိန်ထိန်းကာ ကိုင်လိုက်သည်။ထို့နောက် ကားထဲသို့ တန်းဝင်သွားသည့် သူ့ကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။

"ဟာ....တက်လေ။လမ်းလျှောက်ပြီး လိုက်ချင်တာလား"

"ဟို....ဟို....အနက်လက်က ဖိုင်....."

"ဘာလဲ မင်းကို တံခါးလာဖွင့်ပေးရမှာလား"

"မဟုတ်....."

"တက်မြန်မြန်"

ကားထဲမှ စိတ်မရှည်စွာ ထွက်လာသော သူ့အသံကြောင့် ခပ်သွက်သွက် လျှောက်လိုက်စဉ် ခြေထောက်ဆီမှ ဆစ်ခနဲ နာကျင်သွား၏။ကားတံခါးကို ဖွင့်မည်အပြု ဝူးခနဲမောင်းထွက်သွားသည်မို့ သူမမှာ ငိုင်ငိုင်လေးကျန်ခဲ့သည်။

Footprint of kiss(အနမ်းခြေရာ)Tempat cerita menjadi hidup. Temukan sekarang