(Part-16)

1.7K 35 1
                                    

ခေါင်းတို့ကချာချာလည်နေသော်လည်း ခြေလှမ်းတို့ကို အတက်နိုင်ဆုံး မှန်အောင်လျှောက်နေသည်။ပါးပြင်ထက်မှ တစ်ပေါက်ပြီးတစ်ပေါက်ကျနေသော မျက်ရည်တို့ကို အဆက်မပြတ်သုတ်နေသည်မို့ ပါးပြင်နုနုမှာ ရဲနေလေသည်။အနွေးထည်ပါးလေးက အိမ်ထဲတွင်နွေးပေမယ့် လမ်းမပေါရောက်သောအခါ၌ကား စိမ့်ချမ်းလာသည်။

အနက် ဘာတွေများမှားလို့လဲ။သူ့ကိုသိပ်ချစ်ခဲ့တာက အကြီးဆုံးအမှားပဲဖြစ်မည်ထင်ပါရဲ့။ပေးဆပ်ခြင်းတွေ၊သည်းခံခြင်းတွေ အနက်မှာ ကုန်လွန်သွားခဲ့ပြီ။အသက်ရှင်ခြင်းဆိုတာ အဓိပ္ပာယ်ရှိနေမှ ရှင်သန်ဖို့ကောင်းတာလေ။အခုအနက်မှာ အဓိပ္ပယ်လည်း မရှိတော့ဘူး။မျှော်လင့်ချက်လည်း မရှိတော့ဘူး။

အအေးဓာတ်ကပဲတိုးလာ၍လား။သူမကပဲ ကြောက်စိတ်ပိုနေ၍လားတော့မသိ။တဖြေးဖြေးနှင့် ခေါင်းမူးသည်ကပိုဆိုးလာသည်။အချိန်ကအ‌ေတာ်မိုးချုပ်နေပြီမို့ လူသူတိတ်ဆိတ်ကာ ဘယ်နေရာသို့ရောက်နေလို့ရောက်နေမှန်းလဲမသိဝောာ့။ညစာအတူစားရန်စောင့်နေခဲ့ရသည်မို့ သူမ၏အစာအိမ်သည် လွတ်လပ်လဟာ ဖြစ်နေပြန်ပါသည်။အချိန်အတော်အကြာလျှောက်ခဲ့ရသော ခြေလှမ်းတို့ကလည်း ညောင်းချိ၍ နောက်ဆုံးတွင်ကွေးညွတ်ကာ အမှောင်ကမ္ဘာထဲသို့ရောက်ရှိသွားသည်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

"သခင် သခင်လေး....."

အခန်းတံခါးရှေ့မှခေါနေသော ‌ဒေါ်သက်အား စိတ်မရှည်စွာ သွားဖွင့်ပေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ  ‌ဒေါ်သက်။ကျွန်တော် စိတ်ရှုပ်နေတယ်နော်"

နွားနို့ဗန်းကို ကတုန်ကယင်ကိုင်ထားသော  ‌ဒေါ်သက်ကို နားမလည်နိုင်စွာကြည့်မိ၏။သူလည်း နွားနို့မကြိုက်သလို၊သူမလေးကလည်း သောက်လေ့မရှိပါ။ဘာကြောင့်များ နွားနို့ယူလာရသလဲ။

"ဟို မမလေးအတွက် နွားနို့လာပို့ပေးတာပါ။နေ့လယ်က မသောက်ချင်ဘူးလို့ပြောပေမယ့် ကလေးအတွက်က အားရှိမှဖြစ်မှာမို့ လာပို့တာပါ။"

"ဘာ!...ကလေး။"

"ဟုတ်...ဟုတ်ကဲ့။ကလေးအတွက်က အားရှိအစာတွေစားပေးရမယ်လို့ ဆရာဝန်ကသေချာမှာလိုက်ပါတယ်"

Footprint of kiss(အနမ်းခြေရာ)Where stories live. Discover now