(Part-15)
"Morning ကိုကို"
"Morning ပါဗျာ"
သူမထုတ်ပေးထားသော ဝတ်စုံပြည့်ဖြင့် ကုမ္ပဏီသွားရန် အသင့်ဖြစ်နေသော ကိုကိုက ရွှင်လန်းစွာဖြင့် မနက်စာဝိုင်းသို့ ဝင်ထိုင်ေလသည်။အနက်ထိုင်နေကျ ကိုကို၏ ညာဘက်ဘေးတွင် ဝင်ထိုင်ကာ လက်ဖက်ရည်ပူပူလေး ထည့်နေလိုက်သည်။ထို့နောက် ကိုကို့၏ ဘယ်လက်တွင်ရှိသော အစ်ကိုလေးကိုပါ လှမ်းပေးလိုက်၏။
"Thanks"
ပြုံးပြလိုက်သော သူမ၏ချစ်ဇနီးေလးကို မြင်စဉ်အခါ လက်ဖက်ရည်ပါ သီးသွားရသည်။
"အဟွတ်!...အဟွတ်!.."
"ဟယ် !..ဘယ်လိုဖြစ်တာလဲရရဲ့လား ကိုကို"
သူမ၏အမေးကို လက်ကာပြကာ ဖြေလိုက်သည်။မပြုံးနဲ့ ဘေဘီ မင်းမပြုံးနဲ့။မင်းအပြုံးကို ကိုယ်ကလွဲပြီးဘယ်သူ့ကိုမှ မပြုံးပြပါနဲ့။
"အဟွတ်!..ဖြူရော..."
"ဟင်!...မမဖြူက မနက်အစောကြီးထွက်သွားတယ်လို့ကြီးသက်က ပြောတယ်။"
"ဟုတ်လား။ဘယ်ထွက်သွားတာတဲ့လဲ"
"ရန်ကုန်လို့ပြောတယ်"
ခေါင်းတညိတ်ညိတ်နှင့် အိတ်ကိုယူကာ ထွက်သွားသောသူက ခါတိုင်းကဲ့သို့ နှုတ်တောင်မဆက်ခဲ့ပါလေ။အနက်ဟာ တကယ့်ကို ကံဆိုးလွန်းတဲ့ ကောင်မလေးမဟုတ်လား။မိဘရဲ့ အချစ်ကိုလည်း မရရှိခဲ့သလို၊မွေးစားအစ်မ၏ မေတ္တာကိုလည်းကောင်း၊ချစ်ရသော ခင်ပွန်းသည်၏ ဂရုစိုက်မှုကိုလည်းကောင်း မရရှိပါလေ။
နားလည်ရခက်လွန်းသော ကိုကြီးကြောင့် ခပ်ငိုင်ငိုင်ကျန်နေသော သူမလေးကို သနားမိပါသည်။
"အနက်!..သွားဝော့မယ်နော်"
"ဪ ဟုတ်ကဲ့"
သူမလေး၏ အပြုံးကို ကားမှန်ကနေတစ်ဆင့် ထပ်မြင်လိုက်ရစဉ် ရင်တွေဗြောင်းဆန်သွားပြန်သည်။မင်းလေးက မော်ကွန်းအတွက်အပြုံးတွေ သိပ်ကိုပေးချင်နေတယ်ပေါ့လေ။
အပြုံးတို့ဖြင့် ကားပေါတက်လာသော မော်ကွန်းအား လှမ်းေပြာလိုက်သည်မှာ
YOU ARE READING
Footprint of kiss(အနမ်းခြေရာ)
Romance(Normal) အိမ်ကြီးရှင်အရှင်သင်ခင်နဲ့ အစေခံ ကောင်မလေးတို့ရဲ့ အချစ်အကြောင်း၊အစ်မဖြစ်သူရဲ့ ကောက်ကျစ်မှုတွေကြားက အစေခံကောင်မလေး။ (သခင်ကုမာရ+ခလွန်နက်)