(Part-2)

2.3K 57 1
                                    

မနက်ခင်း၏အလှတွင် ပါဝင်နေသော နှင်းဆီပန်းအိုးတို့ကြောင့် သူပြုံးမိသည်။တကယ့်ကို ထူးခြားသည့်ကောင်မလေးပါ။အများထက် ဖြူဝင်းတဲ့အသားအရည်နဲ့ ခပ်နွမ်းနွမ်းဝတ်ထားတာတောင် အလှမပျက်။သူပိုပြီး သတိထားမိသည်က ဖြူနှင့် တူနေလို့ပင်။

ဖြူ.....တောင်ပံဖြူဆိုသည် သူသိပ်ချစ်ရသော မိန်းကလေး။ဆံနွယ်ရှည်တို့နှင့် မြင်သူတိုင်း ငေးရအောင် လှပသော သူ၏ချစ်သည်း။အတန်တန်တားနေသည့်ကြားက ထွက်သွားဖြစ်အောင် သွားသော ဖြူသည် သူနှင့်ပြန်ဆုံရန်ခက်ခဲလှ၏။

"သခင်လေး မနက်စာအဆင့်သင့်ဖြစ်ပါပြီ။"

ခေါင်းငုံ့လျက်ရိုကျိုးစွာ လာပြောသော ဒေါ်သက်အားခေါင်းပြန်ငြိမ့်ပြလိုက်သည်။မေမေ ဆုံးသွားကတည်းက သူသိပ်လိုချင်သော မေတ္တာတရားအား ငတ်မွတ်ခဲ့ရ၏။ချစ်သူဖြစ်သော ဖြူသည်လည်း အလုပ်၊အလုပ်နှင့်သာ မအားမလပ်။သူ့ကိုပင် အချိန်မပေးနိုင်။

ညအိပ်ဝတ်စုံနှင့်ပင် အောက်ထပ်သို့ ဆင်းခဲ့တော့ တူညီဝတ်စုံတွေကြားထဲမှ သူမကထင်းလို့နေပြန်ပါသည်။
ရှည်လျားသော စာပွဲဝိုင်းတွင် သူကလွဲ၍မည်သူမျှမရှိပါ။အစားအစာပေါင်းစုံနှင့်ပြည့်နေသော်လည်း စားချင်စိတ်မရှိ။

"ဒီကော်ဖီက အေးနေပြီ။နောက်တစ်ခွက်ဖျော်လိုက်တော့....."

သူ့စကားကြောင့် မီးဖိုချောင်ထဲသို့ ခပ်သွက်သွက်ဝင်ကာ ကော်ဖီဖျော်ပေးရပြန်သည်။မနေ့က ပန်းအိုးတွေ မ ထားရ၍ တစ်ကိုယ်လုံးညောင်းကိုက်နေသည့် ကြားက အစောကြီးထရပြန်ပါသည်။ဒါကလည်း ဘဝပဲမို့ သူမ မငြင်းနိုင်ပါ။

ကော်ဖီလာချပေးသော လက်ဖြူဖြူတို့ကြောင့် သူပြုံးမိပြန်ပါသည်။မနေ့ကတည်းက ဘာမှပြောစရာမလိုပဲ သူ့အကြိုက်ကို ဖျော်တက်သောသူမဟုတ်ပါလား။

"ဒေါ်သက်....နောက်နေ့ကစပြီးမနက်စာပြင်ရင် သူ့ကိုတာဝန်ပေးလိုက်ပါ။"

"ဟုတ်ကဲ့"

ရင်ထဲ၌ အမည်မသိသော ပျော်ရွှင်မှုတစ်မျိုးက ဝင်ရောက်လာသည်။သူ့အတွက် မနက်စာကိုယ်တိုင်ပြင်ပေးရမည်ဆိုသည့်အသိက ဘယ်လောက်ပင် ပင်ပန်းပါစေ ပျော်ရွှင်စေ၏။

Footprint of kiss(အနမ်းခြေရာ)Where stories live. Discover now