( Part-1)

3.7K 83 0
                                    


"အနက်......ညည်းကြမ်းတောင်ပြောင်အောင် မတိုက်တက်ဘူးလား။ဒီပုံစံနဲ့ဆို သခင်လေး လာရင် ညည်းတော့နော်......ငါမြင်ယောင်သေးတယ်"

အထိန်းတော်ကြီးသက် ပြောသမျှကို အနက် ခေါင်းလေးငုံ့ကာ ခံနေရသည်။ဟုတ်ပါတယ်။အနက်က ငယ်ငယ်ရွယ်ရွယ်နဲ့ စွန့်ပစ်ခံခဲ့ရသူ။မိဘမေတ္တာကို မရခဲ့သလို ဘယ်သူ့မေတ္တာကိုမှ အနက်မရဖူးပါ။တစ်နေ့တစ်နေ့ အဆူအငေါက်ခံ ရတဲ့ဘဝကိုလည်း အနက်ငြီးငွေ့ပါသည်။

"ဟဲ့....ငါပြောတာကြားရဲ့လား။ဟမ်...။ဘယ်တော့နေနေပြောလိုက်ရင် မျက်နှာငယ်လေးနဲ့ ငါလုပ်လိုက်ရ....။"

ကြီးသက်ဆွဲလိုက်၍ ပူထူသွားသော နားတစ်ဖက်အား သက်သာလို သက်သာငြားပွတ်နေမိသည်။မှန်ပင် ဖြစ်လုနီးပါးရှိသော ကြမ်းပြင်ကို မပြောင်ဘူးဟု ဆိုသည်မှာ ဤစံအိမ်တော်ကြီးတစ်အိမ်သာ ရှိမည်ထင်ပါရဲ့။

ကျွန်းလှေကားထစ်ကြီးမှ တစ်ဆင့်ချင်းဆီ တိုက်သွားရင်း အပေါထပ်အခန်းရှေ့သို့ သူမရောက်လာသောအခါ ညာဘက်မှအခန်းလေးအား စူးစိုက်ကြည့်နေမိသည်။အနက် ဒီအခန်းလေးကို အလွန်သဘောကျ၏။ခမ်းနားလှသော အခန်းနှစ်ခန်းယှဉ်လျက် ဟိုဘက်ဒီဘက်ဆောက်ထားသော ဤနေရာသို့သူမဖြတ်ဖြစ်တိုင်း အနည်းငယ်မျှတော့ ရပ်ငေးမိသည်။

သူမထက် စီနီယာကျသော မမဇော် တို့ပြောသည်မှာ ဘယ်ဘက်အခန်းသည် သခင်လေး၏ အခန်းဖြစ်ပြီး ညာဘက်မှာ သခင်လေးချစ်ရသော မိန်းကလေး၏အခန်းဖြစ်သည်ဟုဆိုသည်။သို‌့သော် အခန်းအတွင်းတွင် မည်သည်တို့ရှိသလဲဆိုတာကိုတော့ ဘယ်သူမှမသိပါ။

"အနက်........"

"လာပါပြီ ကြီးသက်"

အောက်ထပ်မှကြီးသက်အသံကြောင့်ကိုယ်လုံးသေးသေးလေးမှာတုန်တက်သွားရသည်။တစ်ခါတစ်လေမှာ ကြောင်အ အ နိုင်လွန်းသော ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်မိပါသည်။

တာယာပုံးလေးကို မကာ အဝတ်လျှော်သည့်နေရာတွင် ခပ်သွက်သွက်သွားထားပြီး အသံကြားရာ မီးဖိုချောင်ဘက်သို့ ဝင်လာခဲ့သည်။

"မိဇော်ကို ငါးပေါင်းနဲ့ ပုစွန်ကြော် ကူလုပ်ပေးလိုက်၊အဲဒါတွေက အဓိကနော်။ကျန်တဲ့အသေးစိတ်က ဒီစာရွက်ထဲမှာရေးထားတယ်။ငါးနာရီမထိုးခင် အပြီးချက်ပါ။ခြောက်နာရီမှာ သခင်လေးရောက်တာနဲ့ အားလုံးအဆင်သင့်ဖြစ်နေရမယ်။စိတ်ချမယ်နော်။"

Footprint of kiss(အနမ်းခြေရာ)Donde viven las historias. Descúbrelo ahora