(Part-11)

1.8K 46 0
                                    

မနက်ကတည်းက အဝတ်လျှော်လိုက်၊ဟင်းချက်လိုက်လုပ်နေသော သူ၏ချစ်ရသူလေးကို စိတ်မရှည်‌နိုင်တော့ပဲ မီးဖိုချောင်ထဲသို့ လိုက်သွားမိဝောာ့သည်။

"အားလုံးအပြင်ထွက်!...."

သူ့အသံကြောင့် အလုပ်သမားများက အလျှိုလျှိုထွက်သွားကြသောနောက် သူမကပါလိုက်သွားသည်။

"ဘေဘီ မပါဘူး"

ရုတ်တရက်ဘေဘီဆိုသော အခေါအဝေါကြောင့် သူမမျက်လုံးတို့ပြူးသွားရကာ အားလုံးက ကြွတ်စိကြွတ်စိဖြစ်ကုန်ကြသည်။

"အနက်ကိုပြောတာ ကျန်တဲ့သူတွေသွားကြ"

အားလုံးထွက်သွားသည့်တိုင်  သူမက ကကျောက်ရုပ်လေးနှယ်ရပ်နေလေသည်မို့ ပါးဖောင်းဖောင်းလေးကို ဆွဲလိုက်သော မျက်နှာလေးရှုံ့တွကာ

"ဘာလို့ အပြင်ထုတ်လိုက်တာလဲသခင်လေး။ဟိုမှာ ဟင်းအိုးတွေက အနက်တစ်ယောက်တည်း ချက်လို့ရမှာမဟုတ်ဘူး။"

သူမပြောမှကြည့်လိုက်တော့ ဟုတ်ပါရဲ့။နှစ်ယောက်ထဲစကားပြောချင်စောနဲ့  အပြင်ထွက်ခိုင်းမိတာ။ မီးမလောင်သေးဝာာကံကောင်းသွားသည်။

"အကုန်ပြန်ဝင်ခဲ့ကြ။ဘေဘီက ကိုယ်နဲ့လိုက်ခဲ့"

သူမလက်ကို ဆွဲကာ အပေါထပ်ရှိ လသာဆောင်ထပ်သို့ခေါခဲ့ပြီး ထိုင်ခုံလေးတွင်ထိုင်စေသည်။

"ဘာကိစ္စရှိလို့လဲ သခင်လေး။အနက်ဘာလုပ်ပေးရမလဲ"

"ကိစ္စရှိမှ ခေါရမှာလား။အဲ့သခင်လေးဆိုတဲ့ အသံထပ်မကြားချင်ဘူးနော်။ပြင်ထားဘေဘီ"

"ဦးလို့ခေါရမှာလား"

ရယ်ကျဲကျဲနှင့် သူမကပြောတော့ ခေါင်းကိုခပ်ဖွဖွထုကာ

"ကိုယ်က အဲ့လောက်အိုနေပြီလား။ဟင်...အလွန်ဆုံးမှ ၈နှစ်လောက်ပဲကွာတာကို ကိုကို‌ဆိုတော်ရောပေါ့"

"အနက်မခေါတက်ဘူး။တစ်မျိုးကြီးပဲ။"

"ရအောင်ခေါကွာ။"

ပြောရင်းနှင့် သူမပါးလေးကို ရွတ်ခနဲနမ်းလိုက်ဝော့ မျက်နှာလေးက နီရဲသွားပြန်ပါသည်။

Footprint of kiss(အနမ်းခြေရာ)Donde viven las historias. Descúbrelo ahora