"လူနာက တော်တော်လေးကို စိတ်ဖိစီးမှုများနေပုံရတယ်။သူ့နှလုံးခုန်နှုန်းကိုလည်း သိပ်အားမရဘူး။အာဟာရဖြစ်တာလေးတွေကို သေချာကျွေးပေးပါ။မဟုတ်ရင် အထဲက ကလေးအတွက်ရော မိခင်အတွက်ပါ မကောင်းဘူး။"
သူမလေးမျက်နှာအား တစိမ့်စိမ့်ကြည့်ရင်း ဆရာဝန်ပြောသွားသည်များအား ပြန်ကြားယောင်မိသည်။သူမကို လက်လွှတ်ဖို့က လုံးဝမဖြစ်နိုင်ပါလေ။သူသိပ်ချစ်မိသွားခဲ့တဲ့ မိန်းကလေးကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံပါ။
"ဘယ်လိုဖြစ်တာလဲမောင်ရယ်။ညီမလေးလည်း သနားပါတယ်။ဖြူ ညီမလေးကို ဘယ်လိုတောင်းပန်ရမလဲတောင်မသိဘူး။အဟင့် အဟင့်"
သက်သာစွာ အိပ်စက်နေသော အနက်အား ဝေ့ကြည့်ရင်း သူ့ဘေးတွင် ဝင်ထိုင်ကာ မျက်ရည်တို့အားခြွေချလိုက်သည်။
နင်လို မိန်းမမျိုး သေရင်တောင် ဂရုမစိုက်ဘူး ခလွန်နက်။ဒါပေမယ့် မောင့်နားမှာနေရဖို့ အခုတော့ နင့်ကိုလိုနေသေးတယ် အဟင်း အဟင်း။"ဘေဘီအေးဆေးနားနေပါစေ။မင်းလည်း နားလိုက်ပါဦး။ကိုယ်တို့ ကိစ္စကိုဝောာ့ နောက်မှပြောရအောင်။ကိုယ်လည်း အခုပင်ပန်းနေပြီ"
"အင်းပါ။ဂရုစိုက်လိုက်ပါဦး။ညီမလေးကို သူလည်း စိတ်ထိခိုက်နေရှာမှာ"
သူခေါင်းကိုသာ ညိတ်ပြလိုက်စဉ် ဒေါက်ဖိနပ်သံ တစ်ခွက်ခွက်နှင့် ပြန်ထွက်သွားလေသည်။ဘာကိုမှနားမလည်တော့ဘူး။သာယာလုဆဲဆဲရှိနေတဲ့ ကိုယ်တို့မိသားစုဘဝလေးက ဘာကြောင့် ဒီလောက်များ ပြောင်းလဲသွားရသလဲကွာ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
"နေကောင်းသွားပြီလားအနက်..."
"ဟုတ်ကဲ့။"
"နေပါဦး။အစ်မတစ်ယောက်လုံးနဲ့ တွေ့တာတောင် ဘာတွေအလောကြီးနေတာလဲကွယ်။အင်းပေါ့....အဲ့ဒီအစ်မကလည်း ကိုယ်နဲ့တန်းတူဖြစ်လာတော့မှာဆိုတော့ အဟင်း အဟင်း ရှက်နေမှာပေါ့နော်"
"စကားကိုသေချာကြည့်ပြောပါ မမဖြူ။ဘာမှအနှစ်သာရမရှိပဲ လျှာအရသာခံပြီးပြောချင်နေရင် မှန်ရှေ့မှာပဲပြောနေလိုက်ပါ။အဲဒါက မမဖြူအတွက်ပိုထိရောက်ပါလိမ့်မယ်"
BẠN ĐANG ĐỌC
Footprint of kiss(အနမ်းခြေရာ)
Lãng mạn(Normal) အိမ်ကြီးရှင်အရှင်သင်ခင်နဲ့ အစေခံ ကောင်မလေးတို့ရဲ့ အချစ်အကြောင်း၊အစ်မဖြစ်သူရဲ့ ကောက်ကျစ်မှုတွေကြားက အစေခံကောင်မလေး။ (သခင်ကုမာရ+ခလွန်နက်)