"ဟင်!........"
မာမီပြောသော နာမည်နှင့်တူသောသော ထိုမိန်းကလေး၏နာမည်သည် တိုက်ဆိုင်မှုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လည်တိုင်တွင်ထင်းနေသောအနက်ကွက်ကလေးကတော့ တိုက်ဆိုင်မှုမဖြစ်နိုင်။
"သမီးညီမလေးမှာ အမှတ်လေးကှိတယ်ကွယ့်။လည်ပင်းလေးမှာ အနက်ကွက်လေးပါတယ်။အဲဒါကြောင့်မာမီက သမီးငယ်လေးကို ခလွန်နက်လို့ မှည့်ပေးထားတာ........"
အနက်ကိုငေးကြည့်ရင်း ကြောက်ရွံ့နေပုံရသောထိုမမအားနားမလည်နိုင်စွာပြန်ကြည့်နေမိသည်။
"ဖြူ.....ဘာဖြစ်လို့လဲ"
"ဟင်...ဪ ဘာမှမဖြစ်ပါဘူးမောင်ရယ်။ဒီတိုင်းပဲ ချစ်စရာကောင်းလို့မေးကြည့်တာပါ။သူ့ကို ဖြူနားမှာအနီးကပ်ထားလို့ရမလားဟင်.."
"ရတာပေါ့ဖြူရဲ့။ဖြူသဘောကျတယ်ဆိုခေါထားလို့ရပါတယ်။"
အနည်းငယ် ဝမ်းနည်းရိပ်သမ်းနေသော ထိုမိန်းကလေး၏ မျက်ဝန်းကိုမမြင်ချင်ယောင်ဆောင်ကာ မောင့်နှင့်အတူ အိမ်ထဲသို့ဝင်ခဲ့သည်။မိန်းမချင်းမို့ ဖြူသိနေသည်က ထိုမိန်းကလေးမောင့်အပေါမှာ မရိုးသားပါ။
နှစ်ယောက်သားပြုံးပျော်ပြီးအိမ်ထဲဝင်သွားသည်က အနက်ရင်ကိုနာကျင်စေသည်။သို့သော်လည်း တစ်ဖက်ကနေ သူ့အတွက်ပျော်ပါတယ်။ဟိုအရင်ကမြင်ဖူးတဲ့ ဓာတ်ပုံလေထဲကလို အပြုံးတို့ပြန်တွေ့ရပြီလေ။သူသာ အနက်ကြောင့်ပြုံးမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
အပေါထပ်မှ နှင်းဆီပင်တို့ကို ဖြူမကြိုက်ပါ။အနံ့အသက်လည်း သိပ်မရှိတာမို့ ဒီမှာလာထားတာ အပိုတွေပဲဟု ထင်သည်။
"ဟိတ်... ခလွန်နက်....ခဏလာဦး"
ခြံထဲတွင် ယောင်္ကျားလေးအလုပ်သမားများကိုတွေ့သော်လည်း အဝတ်လျှော်နေသော ထိုမိန်းကလေအားတမင်ရွေးကာခေါလိုက်သည်။ဘယ်လိုပဲညီအစ်မတော်စပ်နေပါစေ ဘာမှအကျိုးမထူးမယ့်အတူတူ ရှင်းပစ်ရမည်မဟုတ်လား။သို့သော် ချက်ချင်းရှင်း၍တော့မဖြစ် ဖြေးဖြေးချင်းလုပ်ယူရမည်။
YOU ARE READING
Footprint of kiss(အနမ်းခြေရာ)
Romance(Normal) အိမ်ကြီးရှင်အရှင်သင်ခင်နဲ့ အစေခံ ကောင်မလေးတို့ရဲ့ အချစ်အကြောင်း၊အစ်မဖြစ်သူရဲ့ ကောက်ကျစ်မှုတွေကြားက အစေခံကောင်မလေး။ (သခင်ကုမာရ+ခလွန်နက်)