စံအိမ်ကြီးသို့ပြန်ရောက်သည်ဆိုလျှင်ပဲစီတန်းစောင့်နေကြသော မမနီတို့ကို တွေ့လိုက်ရသည်။
သူမကားထဲမှထွက်လာတော့ မော့ကြည့်ရုံသာ ကြည့်ပြီး ပြန်ငုံ့သွားသည်။အင်းပေါ့။သူမှ ဘာမှခွင့်ပြုချက်မပေးသေးပဲ။
"မနီ.....အနက်ကို နားခိုင်းလိုက်ပါ။ကိုထွန်းတို့က အိတ်တွေ သယ်လိုက်ပါ။"
"ဟုတ်ကဲ့"
မမနီက သူ့လက်ကိုလာကိုင်ကာ ခေါလေတော့ သူမက မလိုက်သေးပဲ သူ့ဘက်သို့လှည့်ကာ
"အနက်ကို စောင့်ရှောက်ပေစလို့ ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး"
"ရပါတယ်ကွာ။ဒါနဲ့....မနက်ဖြန် ကုမ္ပဏီမသွားဘူး။ဒီတစ်ပတ်လောက်တော့ နားဖြစ်မယ်ထင်တယ်။အဲဒါကြောင့် အေးဆေးအနားယူပါ။နော်။"
သူမခေါင်းကိုပြုံးရင်းခပ်ဖွဖွပုတ်လိုက်သည်မို့ အားလုံးက အံ့ဩသွားကြရသည်။အနက်အတွက်ကတော့ ဆေးရုံကတည်းက ဒီလိုပဲရင်းနှီးသွားဝာာမို့ အထူးတဆန်းမရှိလှပါ။
"ဟုတ်"
"အေးဆေးနားနော်"
"ဟုတ်"
မော်ကွန်းကိုပါ ပြုံးပြရင်းဖြေလိုက်သည်မို့ သူမျက်မှောင်ကြုတ်လိုက်မိသည်။ဘာကြောင့်များ မော်ကွန်းနဲ့ရင်းနှီးတာကိုမကြိုက်ရတာပါလဲ။စဉ်းစား၍လည်းမရ။
"အနက်ရယ်။ငါဖြင့် စိတ်ပူသွားတာပဲ။ဒဏ်ရာကြီးကြီးမားမားများ ရနေမလားလို့။ပြီးဝောာ့လေ သခင်လေးက အရင်ကနဲ့မတူတော့ဘူးနော်။နင့်အပေါမှာတော်တော်လေး ရင်းနှီးလာတယ်။ပြီးတော့ ....."
"ပြီးဝောာ့ ဘာဖြစ်လို့လဲမမနီရဲ့"
"နင့်ကိုများ သဘောကျနေသလားမသိဘူး"
"ဟာ...မမနီကလည်း"
"မမနီကမလည်းနဲ့။အတည်ပြောနေတာနော်။မမလေးနဲ့ ပြဿနာတက်လိမ့်မယ်။ငါလည်း ကိုထွန်းဆီခဏသွားလိုက်ဦးမယ်အေ။"
"ကြွပါရှင် ချစ်ချစ်ကြီးဆီ"
မမနီက မျက်စောင်းလေးထိုးလျက်မီးဖိုေချာင်ထဲမှ ထွက်သွားသည်။သူမကိုအမြဲ ဂရုစိုက်ပေးလာတာ ကြီးမွန်မရှိသည့်နောက်ပိုင်း မမနီပဲမဟုတ်လား။အစ်မအရင်းမဟုတ်ပေမယ့် အရင်းလိုပဲချစ်ခင်ရသောသူပင်ဖြစ်သည်။
VOUS LISEZ
Footprint of kiss(အနမ်းခြေရာ)
Roman d'amour(Normal) အိမ်ကြီးရှင်အရှင်သင်ခင်နဲ့ အစေခံ ကောင်မလေးတို့ရဲ့ အချစ်အကြောင်း၊အစ်မဖြစ်သူရဲ့ ကောက်ကျစ်မှုတွေကြားက အစေခံကောင်မလေး။ (သခင်ကုမာရ+ခလွန်နက်)