(Part-12)

1.6K 33 1
                                    

မထင်မှတ်ပဲကြားလိုက်ရ‌သောသတင်းမို့ အံ့အားသင့်မိသည်။သူမကို လမ်းခွဲခဲ့သည်က ညီမဖြစ်သူနဲ့ လက်ထပ်ဖို့တဲ့လား။သူမကိုမှမရရင် ရူးလောက်အောင် ချစ်ခဲ့သူကြီးက အခုတော့ ပျောက်ချေပြီ။နိုင်ငံခြားကနေ အပြီးပြန်လာသည်က သူနဲ့လက်ထပ်ဖို့ရယ်ပါ။
အခန်းထဲတွင် တိတ်တဆိတ်ငိုနေမိသည်။သူမရင်ထဲမှ မောင့်ကိုဆွဲထုတ်သွားသည်ကိုလည်း မကျေနပ်။ဒယ်ဒီနဲ့မာမီပါ အံ့ဩရလောက်သည်ထိ လုပ်ရပ်သူက ချစ်ရသော မောင်ပါ။

ဝောာင်ပံဖြူဆိုတာ ဟိုးအမြင့်ဆုံးကို ရောက်လာပြီးမှတော့ အောက်ပြန်မဆင်းနိုင်ဘူး။ချစ်ရသော မောင့်ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်သေချာပေါက် ဖြူပဲပိုင်ဆိုင်ရမှာပေါ့။

အပြုံးတို့က မျက်ရည်တို့နှင့်အတူ ထွက်ပေါလာကာ မာမီ့ဆီသို့ ထွက်လာခဲ့၏။

"မာမီ......"

"သမီး....လာ"

ဒယ်ဒီက အိပ်ရာထက်တွင် အနားယူနေသည်မို့ အခန်းပြင်သို့ တိုးတိတ်စွာထွက်လာကြသည်။

"ဖြူ...မောင့်ဆီသွားမလို့"

"ဘာသွားလုပ်မလို့လဲသမီးရယ်။ကိုယ့်ကို လမ်းခွဲခဲ့တဲ့ သူတစ်ယောက်ဆီကို ဘာသွားလုပ်စရာရှိလို့လဲ။"

"မောင့် မင်္ဂလာဆောင် ရှိလို့ သွားမှာပါ။ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်အနေနဲ့တော့ သွားသင့်တယ်တယ်မဟုတ်လား"

"အင်းပါ။သမီးတို့ချင်း ဘာပြဿနာမှမရှိရင် သွားပေါ့။မာမီကတော့ တစ်လလေးအတွင်းဖြစ်ပျက်သွားသမျှကို မယုံနိုင်သေးဘူး။မောင်သခင်ကလည်း အလောတကြီး။"

"ထားပါ။ဖြူက နောက်နှစ်ယောက်နေရင်သွားမှာမို့ မာမီတို့ဘန်ကောက်သွားဖို့နဲ့ တိုက်နေမှာ"

"ဟုတ်လား။ရပါတယ်။မာမီ့သမီးလေးသဘော။မာမီတို့ပဲသွားလည်း အဆင်ပြေပါတယ်"

မာမီက သူမနဖူးကို ခပ်ဖွဖွနမ်းကာ ဖက်လိုက်သည်မို့ အလိုက်သင့်ပြန်ဖက်ထားလိုက်သည်။ချစ်ညီမလေးရေ.....မမလာတော့မှာမို့ အသင့်ပြင်ထားလိုက်ပါတော့ကွယ်။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

"ဒါကြီးက ရင်နည်းနည်းဟိုက်နေသလိုပဲ"

Footprint of kiss(အနမ်းခြေရာ)Donde viven las historias. Descúbrelo ahora