(Part-3)

2.1K 57 2
                                    

"ခလွန်နက် မင်း!!......"

"သွားစမ်း ဟိုမှာသွားရပ်နေ......တုပ်တုပ်ဝောာင်လှုပ်ဖို့မစဉ်းစားနဲ့။ငါမခေါမချင်းအဲ့မှာပဲနေ....."

အနက် ဘာမှပင်မပြောရဲဘဲ သူညွှန်ပြရာ ခြံထဲရှိ သရက်ပင်အောက်သို့ မျက်ရည်တဝဲဝဲနှင့် ဆင်းလာခဲ့သည်။အနက်....အနက်ဘာဖြစ်လို့ သူရှေ့မှာ အမှားတွေချည်းပဲလုပ်မိနေရတာလဲ။

ကြီးသက်နှင့်မမနီက သူမအား သနားသည့်ပုံစံဖြင့် တစ်ချက်မျှကြည့်ကာ ထွက်သွားကြသည်။အနက်ဟာ အပယ်ခံတစ်ယောက်လား။အတွေးတို့နှင့်အတူ မျက်ရည်တို့က တပေါက်ပေါက်ကျလာသည်။

"တောက်!........"

ရှာချိန်တွင် အလွယ်တကူမရနိုင်၍စိတ်တိုမိတာက တစ်ကြောင်း၊ဖြူ လက်ဆောင်ပေးထားသည့် အကျီဖြစ်နေသည်က‌တစ်ကြောင်း။ ထိုအကျီကိုမှ ဖျက်စီးရသလား။ဒေါသတို့က နေပူထဲတွင်ရပ်နေသည့် သူမအား စူးစိုက်စွာကြည့်ရင်း လောင်မြိုက်နေသည်။

"အား.....ကျွတ် ကျွတ်...."

သုံးနာရီနီးပါးရပ်နေရ၍ ခြေထောက်တို့က တောင့်ကာ တစ်ဆစ်ဆစ်‌နာနေလေပြီ။ကားနှင့်အပြင်ထွက်သွားသည့်သူက ဘယ်ချိန်ပြန်ရောက်မည်မသိ။မနက်ကတည်းက ဘာမှမစားရသေး၍ ဗိုက်ကလည်း အစာမရှိချေ။

"အနက်...."

ခပ်တိုးတိုးထွက်လာသော မမနီအား သူမတုန်လှုပ်စွာကြည့်လိုက်မိသည်။
သူသာ သိသွားရင် မမနီပါ အပြစ်ပေး ခံရမည်မဟုတ်ပါလား။

"ဟယ်!...ဘာလာလုပ်တာလဲ မမနီရယ်။တော်ကြာတွေ့သွားရင် အပြစ်ပေးခံနေရပါဦးမယ်။"

"အဲဒါတွေ ထားလိုက်စမ်းပါအေ။ညည်းအခု ဗိုက်ဆာနေတယ်မလား။ရော့.....ဒါလေး စားလိုက်"

"ဟို....ဝောာ်ပါပြီမမနီ။အဆောင်ထဲမှာပဲ နားနားနေနေ နေပါ။တော်ကြာတွေ့သွားမှဖြင့်......"

"အဲဒါဘာလုပ်နေတာလဲ မနီ"

အနောက်ဆီမှ ထွက်ပေါလာသော သူ့အသံကြောင့် သူမကိုယ်လေူ တုန်တက်သွားသည်။

"ဟို.....ဟို..."

"အနက် ဗိုက်ဆာလို့ မုန့်လာကျွေးခိုင်းတာပါ။"

Footprint of kiss(အနမ်းခြေရာ)Donde viven las historias. Descúbrelo ahora