(Part-14)

1.8K 39 2
                                    

"ထားလိုက်ပါ အနက်ရယ်။သခင်လေး မြင်သွားမှဖြင့် ဟိုတစ်လောကလို....."

"ရပါတယ် ကြီးသက်ရဲ့။အနက်ကိုယ်တိုင် ပြင်ပေးချင်လို့ပါ။ပြီးပြီပဲ ဥစ္စာ။ကိုကို ကို့သွားနှိုးလိုက်ဦးမယ်နော်။"

"ဟုတ်ပါပြီအေ"

ပြုံးရွှင်သွက်လက်နေသော ကလေးမလေးကိုမြင်ဝောာ့ ဒေါ်သက် စိတ်ချမိးသာမိသည်။မိဘမဲ့လေးမို့ အရင်ကတည်းက ဂရုဏာသက်မိခဲ့ရသည်ပင်။

လှေကားထစ်မှ တစ်ဆင့်ချင်း ပြေးတက်လာဝောာ့ တစ်ဝက်ခန့်တွင်ပင် မြင်လိုက်ရသောမြင်ကွင်းက အနက်ကို နာကျင်စေပြန်ပါသည်။ညအိတ်ဝတ်စုံမလဲရသေးပဲ မမဖြူနှင့်လက်ချင်းယှဉ်တွဲကာ ဆင်းလာသော သူမ၏ခင်ပွန်း။‌မင်္ဂလာပွဲပြီးကတည်းက မပြန်သေးတာ အခုဆို တစ်လပင်ရှိတော့မည်။

"ဘေဘီ ဘေဘီနဲ့အော်နေလို့"

မမဖြူဆီမှ ခပ်ပြုံးပြုံးပြောလာသောစကားကို သူမဘာမှပြန်မပြောတော့ပါ။သူမက ဘာရာထူးမှရှိသည်မဟုတ်ပဲ။

"ဘာလို့ အစောကြီးထသွားတာလဲ ဘေဘီရဲ့"

မမဖြူနှင့်တွဲထားသော လက်ကိုဖြုတ်ကာသူမပခုံးပေါ မေးတင်၍ ဖက်ထားသည်။

"မနက်စာ ပြင်....ပြင်နေလို့ပါ"

"နောက်တစ်ခါဆို ကိုယ်မထသေးခင် မထပါနဲ့ကွာ။အခုတောင် ဖြူက အတင်းလာနှိုးလို့ ထလာရတာ။လာဦး ကိုယ်ရေချိုးမို့....."

သူမကိုယ်လေးကို စွေ့ခနဲပွေ့ချီကာ အခန်းရှိရာသို့ လျောက်သွားပြန်ပါသည်။တော်ပါတော့ရှင်။အနက်ကို အနာပေးလိုက်ဆေးကျွေးလိုက်မလုပ်ပါနဲ့။ရစ်ဝိုင်းလာပြန်သော မျက်ရည်တို့ကို သူမမြင်စေရန် ပုတ်ခတ်လိုက်သည်။မမဖြူကို ချစ်နေတုန်းပဲလားဟင်။မေးချင်ပါသော်ငြား သူမအတွက်က အားရှိမနေခဲ့။

"ဘာဖြစ်နေတာလဲ ရုပ်လေးကလည်း ကြည့်ပါဦး"

"ဘာမှမဖြစ်ပါဘူး။ရေချိုးမှာမို့လား။အဝတ်စားလေးတွေထုတ်ပေးထားမယ်လေ။သွားချိုးချေ....."

"ဘေဘီ....ဘာဖြစ်နေဝာာလဲလို့။အဲ့လိုကြီးမနေလို့"

"ဘယ်လိုနေ နေလို့လဲ။ရေချိုးစရာရှိတာသွားချိုးပါ"

Footprint of kiss(အနမ်းခြေရာ)Donde viven las historias. Descúbrelo ahora