Soul Mate -4

13.3K 682 14
                                    

[Unicode]

“ မုန်းတယ်ဆိုတာကလဲ ရင်ဘတ်ထဲက ဖြစ်ပေါ်လာတဲ့ခံစားချက်တစ်မျိုးဘဲလေ ထားလိုက်ပါတော့ ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်သည် အဓိက က ခင်ဗျားရင်ခွင်ထဲမှာရှိဖို့ဘဲလေ ကျွန်တော်ကျေနပ်ပါတယ် ”

“မဟုတ်ဘူး ငါ မင်းကို မမုန်း... ”

“ sorry ကိုကို , ကိုကို အိမ်ပြန်နောက်ကျတော့ စိုးရိမ်ပြီး ပါးစပ်ထဲရှိတာပြောမိပြီး လုပ်မိ လုပ်ရာတွေ လုပ်လိုက်မိတာ ...  ”

မာန်က ပါးချိုင့်လေးများပေါ်သည်အထိပြုံးပြီးပြောလာသည်။

“ Good night ကိုကို အိမ်မက်လှလှမက်ပါစေ ”ဟုပြော၍ အပေါ်ထပ်သို့တက်သွားသည်။

ယိမ်း မာန့်ကျောပြင် အားပျောက်ကွယ်သွားသည်အထိကြည့်မိသည်။သူခုနက ပြောတာအရမ်းလွန်သွားလိမ့်မည်ဟုသူထင်သည်။သထီစရာကောင်းတယ်လို့မပြောလိုက်သင့်‌ပေ။ ဒါပေမယ့် မာန့်၏ ထိုကဲ့သို အပြုအမှုက ယိမ်းအား ထိတ်လန့်စေသည်။ ဘယ်သူတစ်ဦးတစ်ယောက်နှင့်မှ skin ship မရှိဖူး‌သော ယိမ်းအဖို့ မာန် က သူ့ခါးအားဖက်လိုက်သည့်အချိန်တွင်ကြောက်စိတ်က ပို၍ များနေသောကြောင့် ပြောမိပြောရာ ‌တွေပြောလိုက်ခြင်းဖြစ်သည်။

ယိမ်းသူ့အခန်းထဲ ပြန်သွားပြီးနောက်တွင် ရေချိုးအဝတ်စားလဲပြီး သိင်္ဂီ ဆီသို့ ဖုန်းခေါ်လိုက်သည်။

“ဟယ်လို ”

တစ်ဖက်မှ နွမ်းလျှလျှ အသံက တိုးတိတ်စွာထွက်ပေါ်လာသည်။

“သိင်္ဂီ နင်အဆင်ပြေရဲ့လား ”

ယိမ်းစိုးရိမ်စွာ မေးလိုက်သည်။

“ဟင့်အင်း မပြေဘူး...”

သိင်္ဂီ ပြောလာတယ်  ထို့နောက်သက်ပြင်းခပ်သဲ့သဲ့ချကာ..

“ ငါသူ့ကို ချစ်ပေမယ့် ...မဖြစ်နိုင်ဘူးဟာ ငါသူ့လောက်သတ္တိမရှိဘူး ရှောင်ပြေးဖို့ဘဲကြိုးစားနေမိတယ် ။သူက ငါ့ထပ် ၇ နှစ်တောင်ငယ်‌တာ တစ်ချိန်ချိန်ကျရင် သူ့စိတ်မပြောင်းလဲသွားဘူးလို့ မပြောနိုင်ဘူး ။ ပြီးတော့ ပတ်ဝန်းကျင်က လက်ညိုးထိုးတာ တွေသူ့ကို မခံစားစေချင်ဘူး ”

Way To Say " I Love You  "( Complete )Where stories live. Discover now