Soul Mate - 20

10.1K 420 6
                                    

Unicode

မာန့်ကိုဘယ်လိုမှရှင်းပြလို့မရတာကြောင့်  သူလုပ်ချင်တာလုပ်ဆိုပြီး မရုန်းဘဲနေလိုက်တယ်။ ဆေးလိပ်မီးအပူလောက်ကသူသည်းခံနိုင်တာ‌ကြောင့် ဘာမှမဖြစ်သော်လည်း မာန့်ရဲ့အသိစိတ်လွတ်ပြီး ခံစားချက်မရှိတဲ့ပုံ‌စံက ယိမ်းရဲ့နှလုံးသားကို ဓားထက်ထက်နဲ့ဆောင့်ထိုးလိုက်သလို နာကျင်‌စေတာကြောင့် သူငိုလိုက်မိတယ်။

သူ့မျက်ရည်ကို မြင်သွားတာကြောင့်ဘဲလားမသိ မာန်ရဲ့လှုပ်ရှားမှုက ချက်ချင်းရပ်သွားပြီး ယိမ်းကို ကြောင်အအ ဖြင့် မျက်တောင်မခတ်ကြည့်လာခဲ့တယ်။သူ့ကိုယ်သူဘာလုပ်ခဲ့မိမှန်းမသိတဲ့လူတစ်ယောက်အလား...

" ကို.. ကို . ကျွန်တော်..... "

မာန့်ပုံစံက သေမိန့်ကျ အကျဉ်းသားတစ်ယောက်လို တုန်လှုပ်ကာ မျက်လုံးထောင့်စွန်းတွေကနီရဲလာပြီး မျက်ရည်ဝိုင်းလာတယ်။ ကိုယ့်အမှားကိုယ်သိတာကြောင့် အပြစ်ပေးရန်ပြောနေသောကလေးတစ်ယောက်သဖွယ်..

ယိမ်းက မာန့်ရဲ့ တုန်လှုပ်ခြောက်ခြားပြီး ကနာမငြိမ်ဖြစ်နေတဲ့ပုံကိုတွေ့လိုက်တော့  သူခံစားနေရတဲ့ ဝေဒနာတွေအကုန်မေ့သွားတယ်။ သူ စိုးရိမ်တကြီးနဲ့ မာန့်ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လိုက်တယ်။

" မာန်.. မာန် ကိုကို ကိုကြည့်စမ်း , ကိုကို ဘာမှမဖြစ်ဘူး .. နဲနဲလေးတောင်မနာဘူး "

ကျဆင်းလာတဲ့ မာန့်ရဲ့မျက်ရည်တွေက ပါးပြင်ကနေတဆင့် ယိမ်းရဲ့လက်ဖဝါးကို စိုစွတ်သွား‌တယ်။ မာန့်ရဲ့မျက်ရည်ကို မြင်လိုက်ရတော့ သူခုနကရခဲ့တဲ့ဝေဒနာ ထပ်၁၀ဆလောက်နာကျင်ရတယ်လို့ခံစားမိသွားတယ်။

" မာန်!! ကိုကို့ကို သေချာကြည့် , ဒီဒဏ်ရာသေးသေးလေးက အသက်နဲ့အဝေးကြီးပါ "

" ကျွန်တော့်ကို ဘာလို့ မသတ်ပစ်လိုက်ရတာလဲ "

သတ်ရမယ်? ယိမ်း သည်မာန့်အားဘယ်လိုလုပ်သတ်ရက်မှာပါလဲ ၊  မာန့်မျက်ရည်ကျတာကိုတောင် မကြည့်ရက်တဲ့သူက ဘယ်လိုလုပ် မာန့်အားနာကျင်အောင်လုပ်ရက်ပါ့မလဲ?

" နောက်တစ်ခါ ဒီလိုထပ်လုပ်မိရင် ကျွန်တော့်ကို မတုံ့ဆိုင်းဘဲ သတ်ပစ်လိုက်! အရိုင်းအစိုင်းကောင်လို့သာ သတ်မှတ်ပြီး သတ်ပစ်လိုက်စမ်းပါဗျာ "

Way To Say " I Love You  "( Complete )Where stories live. Discover now