Soul Mate - 6

12.4K 541 12
                                    

Unicode

“ကိုကို မစားလိုက်မိလို့ပေါ့ ကိုကို သာ စားမိလိုက်ရင် အဲ့ကောင်ကို ဒီနားမှာတင် သတ်ပစ်လိုက်မှာ ”

မာန်က ဒေါသ တကြီးပြောလာသည်။

“အေးပါ အခုငါမစားလိုက်မိဘူးလေ ဟုတ်ပြီလား စိတ်လျော့လိုက်တော့ ”

ယိမ်းက မာန့်မျက်နှာအား ကိုင်ကာ သူ့ဘက်အားလှည့်စေ၍ ပြောလိုက်သည်။

ထိုအခါမှ စိတ်ငြိမ်သွားဟန်ဖြစ်သော မာန့်အား ယိမ်းကဧည့်ခန်းထဲသို့ခေါ်သွားပြီး အိမ်တော်ထိန်းအား စာဖိုမှူးကို ခေါ်ထုတ်သွားရန် အချက်ပြလိုက်သည်။

ဧည်ခန်းထဲရောက်တော့ ယိမ်းက မာန့်အားကြည့်ပြီးပြောလာသည်။

“ဘာလို့အဲ့လောက်ဒေါသကြီးရတာလဲ နဲနဲပါးပါး ဒေါသမကြီးအောင်သင်ယူပါအုံးလား ”

မာန်က ယိမ်းအားပြန်ကြည့်လာပြီး

“ ကိုကို့‌ကြောင့်လေ.... ကျွန်တော်ကို ခံစားချက်ပေါင်းသောင်းခြောက်ထောင်ဖြစ်အောင်လုပ်နိုင်တဲ့သူ ဆိုလို့ ကိုကို တစ်ယောက်ဘဲရှိတာ ..ကိုယ်မြတ်နိုးတဲ့အရာကို တန်ဖိုးထားရမယ်ဆိုတဲ့ အသိ ကိုလဲ ကိုကို့ကြောင့်ဘဲ ရှာတွေ့ခဲ့တာကျွန်တော်က ကိုကို ပျော်နေတာကို ကြည့်နေရရင် စိတ်ချမ်းသာပြီး ကိုကိုသေရင်ငိုမယ့်သူမဟုတ်ဘူး ကိုကို ‌ငိုရင် သေမယ့်သူမျိုးဗျ.. ကျွန်တော့်ရဲ့ ပျော်ရွှင်မှု စိတ်ချမ်းသာမှု ဒေါသ၊ ဝမ်းနည်းမှု၊ ပိုင်ဆိုင်ချင် တာ အကုန်လုံးက ကိုကို တစ်ယောက်ထဲ ပေါ်မှာဘဲ ဖြစ်တည်လာတာ...
ကိုကို က ကျွန်တော့်အတွက် အရာရာဘဲ ပြီးတော့ ကျွန်တော့်ရဲ့ အားနည်းချက်”

ယိမ်း မည်သည့်စကားမျှမဆိုပါဘဲ မာန့်အားအချိန်အတော်ကြာတဲ့အထိကြည့်နေမိသည်။ယိမ်း စိတ်ထဲတွင် မာန် သူ့အပေါ်ထားရှိသောခံစားချက်များအား
သံသရ  ဝင်နေသည်မှာ ကြာပြီဖြစ်သည်။ အချို့သော ညီအစ်ကို အရင်းတွေတောင်မှ မာန်သူ့‌အပေါ်ထားသော ခံစားချက်များရှိလောက်မည်မဟုတ်ပေ။ ပြီးတော့သူတို့က ညီအစ်ကို အရင်းများမဟုတ်သည့်အပြင် မာန့်အပေါ်တွင်လဲ ယိမ်း ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည်မှာ လက်ချိုးရည်လျှင် ဆယ်ချောင်းမပြည့်ပေ။

Way To Say " I Love You  "( Complete )Where stories live. Discover now