Soul Mate -3

14.2K 621 25
                                    

[Unicode]

“ လျှာ .. လျှာပြောတာ ”

“ ရတယ်မလိုဘူး ”

ဟုပြောလိုက်ပြီး ယိမ်း မျက်ခုံးများတွန့်ချိုးကာ မာန့် အား တွန်းထုတ်လိုက်သည်။ ယိမ်းတွန်းထုတ်လိုက်သော်လည်းအနည်းငယ်မျှ ပင်ရွေ့မသွားသော မာန့် အားကြည့်ကာ ‌

“ ငါ့အနားကနေဝေးဝေး မှာနေပေးနိုင်မလား ?”

မာန် က ပါးချိုင့်များပေါ်သည်အထိ ပြုံးလာပြီး

“ sorry ကိုကို ... လျှာ အပူလောင်သွားတယ်ထင်လို့ စိုးရိမ်ပြီး အနားကပ်လာတာ ဒီလောက်ထိ နီးသွားမယ် မထင်လိုက်ဘူး ”

“သွားတော့ ငါအိပ်တော့မယ် ”

“ ဟုတ်ကဲ့ပါဗျ .. အိမ်မက်လှလှလေး မက်ပါစေ ”

ဟူ၍ပြောပြီး ချိုချဉ်ရလို့ ပျော်သွားသော ကလေးသဖွယ် ပြုံးရွင် ကာ အခန်းထဲမှ ထွက်သွားသည့် မာန့်အားကြည့်၍ ယိမ်း သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။ မာန့် ပြုမှူ တွေက သူ့အတွက် စိမ်းသက်နေသည် ။ ငယ်စဉ် ကတည်းက မာန့် အားမိမိ အနား အကပ်မခံသောကြောင့် ဘဲလားမသိ မာန် သူ့အနားကပ်လာတိုင်း ရင်ခုန်မှုနှင့် ကြောက်စိတ်က လွှမ်းမိုးနေသည်။လွန်ခဲ့တဲ့ ၃ နှစ်မှစကာမာန်ကယိမ်းစာပြန်သည်ဖြစ်စေ မပြန်သည်ဖြစ်စေ morning, good night အမြဲပို့တတ်ပြီး တစ်နေတာ ဖြစ်ပျက်သမျှ အကြောင်းအရာအား စာဖြင့်ပြောပြလေ့ရှိသည်။ယိမ်း  တစ်ခါတစ်လေမှ သာဝင်ဖတ်ဖြစ်သည်။ စာပြန် ခြင်းတော့ ဘယ်သောအခါမှ မလုပ်ခဲ့ပေ ။

ယိမ်း သမ်းဝေ ကာ အိပ်ချင်လာသောကြောင့်‌နာရီအားကြည့်လိုက်သည် ။ ၁၁ ခွဲပြီ ဖြစ်သောကြောင့် အိပ်ယာဝင်ရန် ပြင်လိုက်သည်။

------------------------------------------------------------------------

ညာဘက်ခြေချင်းဝတ် ၌ ခံစားရသော အေးစက်စက်အထိတွေ့ကြောင့် ယိမ်းမျက်လုံးဖွင်ကြည့်မိသည်။ ကုတင်ခြေရင်းတွင် မာန် က ယိမ်း၏ ခြေချင်းဝတ်ကို ကိုင်ကာ ယိမ်း အား ကြည့်ရင်း နတ်ဆိုးဆန်ဆန် ပြုံးပြလာသည်။

“ ကိုကို့ ခြေချင်းဝတ်ကသေးလိုက်တာ ကျွန်တော့်လက် နဲ့ တောင်ဆုတ်ကိုင်ထားလို့ရတယ် ”

Way To Say " I Love You  "( Complete )Where stories live. Discover now