Soul Mate - 17

10.2K 446 2
                                    

Unicode

ရှင်းခန့်သွင်သည် သူရဲ့ စိတ်အလုံးစုံက မြူတွေအုံ့မှိုင်းနေတဲ့တောထဲရောက်နေသလိုခံစားနေရတယ် ၊ သူခြေထောက်တွေကလဲ သူ့အလို စေခိုင်းလို့ရနေတာကို သတိထားမိသွားသည်။ ပတ်ဝန်းကျင်ကို သူလှည့်ပတ်ကြည့်လိုက်တော့ပျဉ်ထောင်အိမ်သေးသေးလေးတွေ့တာကြောင့် သူတံခါးဖွင့်ဝင်လိုက်တယ်။ အိမ်ထဲရောက်သည်နှင် ခုနကတဲအိမ်နှင့်လားလားမှ မသက်ဆိုင်ပါသောနန်းတော် သဖွယ်လှပတဲ့ အိမ်ကြီး၏ အတွင်းပိုင်းသို့ရောက်သွားတာကိုတွေ့လိုက်တယ်။

သူဒီအိမ်ကြီးကို ရင်ထဲအသည်းထဲ နစ်ဝင်နေလောက်သည်အထိ ရင်းနှီးနေတယ်ဟု ခံစားရသော်လည်း သူစဉ်းစားလိုက်တာနှင့် ခေါင်းကထိုးကိုက်လာသည်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ထိုအိမ်ကြီးထဲတွင် ဒေါင့်ဖိနပ်သံက ပြတ်သားစွာထွက်ပေါ်လာတယ်။ ရှင်းခန့်အသံလာရာကိူ လှည့်ကြည့်လိုက်တော့ သူ့မိဒွေး ဒေါ်ရိုစီက သူ့အား မုန်းတီးရွံရှာတဲ့ အကြည့်တွေနဲ့ကြည့်ပြီး တစ်စုံတစ်ယောက်အား ကိစ္စတစ်ခုခုကိုလုပ်ခိုင်းနေဟန်တွေ့လိုက်တယ် ။ သူဒေါ်ရိုစီရဲ့ အသံကိုပြတ်ပြတ်သားသား မကြားရတာကြောင့် သေချာနားထောင်လိုက်သည်။

" ဒီအပျက်ကောင် ကို သူ့အဖေက အမွေမှန်သမျှ အကုန်ပေးခဲ့တာလေ .. ဒီကောင်သေမှအေးမှာ ,, အဲ့တာကြောင့် နင့်လက်ထဲ ဒီကောင်ကို ထည့်ပေးလိုက်ပြီ ပြုတ်စားစား ဖုတ်စားစား နင့်သဘော ငါ့အတွက်က သူ့ကို အသေသတ်ပေးဖို့ဘဲလိုတယ် ”

“ ဟားဟားဟား ”

ရယ်သံကြားရာဘက်ကို မလှည့်ကြည့်ဘဲနဲ့တောင်ဘယ်သူမှန်း ရှင်းခန့်သိတယ်။သူ့ဘဝရဲ့ နတ်ဆိုး ၊ သူအမုန်းဆုံးနဲ့အရွံ့ဆုံးလူ ၊ ရာဇာသိန်း ဒေါ်ရိုစီရဲ့ မောင်

ရာဇာသိန်းက ဆိုဖာပေါ်ကနေထပြီး ရှင်းခန့်ရဲ့မျက်နှာကို သူ့ဘက်ဆွဲလှည့်လိုက်သည်။

" သတ်ပစ်ရင် နှမြောစရာတွေဖြစ်ကုန်တော့မှာဘဲ ဘယ်လို အရသာလေးလဲဆိုတာ မြည်းစမ်းကြည့်ပါအုံးမယ် ”

ရာဇာသိန်းစကားကိုကြားတော့ ရှင်းခန့်အသည်းသန်ရုန်းနေရင်းကနေ ဘေးပတ်လည်မှာ မြူ‌တွေဝိုင်းလာပြီး တွင်းနက်ကြီးတစ်ခုထဲသို့ကျသွားဟန်ဖြင့် ရင်ထဲမှာ လစ်ဟာသွားသည်။

Way To Say " I Love You  "( Complete )Where stories live. Discover now