Soul Mate -1

47.7K 1.1K 22
                                    

[Unicode]

" သခင်လေး .... "

အိမ်တော်ထိန်း ဦးဝင်းထိန် သည် တံခါးကို ဖြေးညင်းစွာ ခေါက်ကာ အခန်းထဲ မှ လှုပ်ရှားမှု အား နားစွင့်နေသည်။ အချိန်တစ်ခုစာလောက်ကြာသည်အထိ တစ်စုံတစ်ရာလုပ်ရှားမှု မရှိပါဘဲ တိတ်ဆိတ်နေမြဲပေ"

" သခင်လေး..."

ဖြေးညင်းစွာ တံခါးခေါက်သံနှင့် တိုးလျ သော ခေါ်သံ က ယိမ်းဟန်သာ အဖို့ နိုးထ ရန်လုံလောက်နေပြီဖြစ်သည်။

မျက်လုံးများ ဖြေးညှင်းစွာဖွင့်လိုက်ပြီး ပြတင်းပေါက် လိုက်ကာအား remote ဖြင့် ဖွင့်လိုက်သည်။ ကျင့်သားမရသေးသော နေရောင်ခြည်၏ အလင်းခပ်စူးစူး ကြောင့် မျက်ခုံးများတွန့်ချိုးမိသည်။

" ဝင်ခဲ့ "

အခန်းထဲ သို့ အိမ်တော်ထိန်း ဝင်လာခဲ့ပါသော်လည်း ယိမ်းဟန်သာ အား တစ်ခုခု ပြောချင်ဟန်ဖြင့် တွန့်ဆုတ်နေသည်ကို တွေ့လိုက်သည်။

"ပြောစရာရှိလို့လား" ယိမ်းဟန်သာ မေးလိုက်သည်။

"ဒီနေ့ သခင်ငယ်လေး ဘွဲ့ယူတဲ့နေ့ မို့လို့ပါ "

" ... အဲ့တာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ...."

အိမ်တော် ထိန်းသည် လက်သီးများကို ဆုပ်ကာ ယိမ်းဟန်သာအား တစ်ခုခု တောင်းဆိုရန်အားမွေးလိုက်သည်။

" သခင်ကြီး နဲ့ သခင်မကြီး ဆုံးသွားတာ ၅ နှစ်နီးပါးရှိပြီလေ.. အဲ့အချိန်က စပြီး အခုချိန်ထိ သခင်လေးက ဘဲ သခင်ငယ်လေးကို အကို လို အဖေ လို စောင့်ရှောက် ခဲ့တာလေ... အဲ့တာကြောင့် ဘွဲ့ယူတဲ့ နေ့မှာလဲ အုပ်ထိန်းသူနေရာက နေ လိုက်ပေးစေချင်တယ် "

အိမ်တော်ထိန်းသည် စကားအဖြစ် သာ ယိမ်းဟန်သာ အား မြှောက်ပြောလိုက်ခြင်းဖြစ်သည်။သခင်ကြီး နဲ့ သခင်မ ကြီး ဆုံးပါးသွားသည့်နေမှ စ၍ ယိမ်းဟန်သာသည် သခင်ငယ် လေးအား star city တွင် Condo တစ်ခန်းဝယ်ပေးကာ ‌အိမ်စေတစ်ယောက်ဖြင့် သီးသန့်ခွဲနေစေခဲ့သည်။ ဘဏ် ကဒ် ပေးထားကာ အခြား အလိုရှိတာ တောင်းဆိုနိုင်သည်ဟူ၍ ‌ပင် ပြောထားသည်။ ယိမ်းဟန်သာ သည် ဘဏ်ကဒ်ထဲသို့ ငွေများ အမြဲတစေ အလျော့ မခံဘဲ ဖြည့်ပေးလေ့ရှိသည်။ ယိမ်းဟန်သာ ဘက်က တောင်းဆိုချက်တစ်ခုသာရှိသည်။

Way To Say " I Love You  "( Complete )Where stories live. Discover now