Soul Mate - 12

10.6K 486 9
                                    

Unicode

ည ၈ လောက်တွင် အခန်းထဲ၌ စာကြည့်ခုံတွင်ထိုင်ကာယိမ်းဟန်သာ သူ့ မန်နေဂျာ အား နောက်တစ်နေ့ မနက်ပိုင်း တွေ့ရန် ချိန်းလိုက်ပြီး လာရမည့်လိပ်စာအား message ပို့ပေးလိုက်သည် ။ ထို့နောက် စီမံကိန်း ကိစ္စ နှင့်ပတ်သတ်၍ ဆွေးနွေးရမည့်အကြောင်းအရာများကို စီစစ်ကာ စာရင်းဇယားဖြင့် အသေး စိတ် အာရုံစိုက်ကာ လုပ်နေလိုက်သည်။ထိုသည်ကို မာန်က ယိမ်းဘေးနားတွင် ထိုင်ကာ ယိမ်းအပြုမှု တစ်ခုခြင်းစီအားအသေးစိတ်ရှုစားနေလေသည်။

အချိန်ကာလ 2 နာရီနီးပါးကြာလာသော်လည် မာန်က ယိမ်းအားကြည့်နေသည်မှာ ရပ်မသွားဘဲ သက်သောင့်သက်သာ ပုံစံ ပြောင်း၍ စားပွဲခုံပေါ်သို့ ခေါင်းစောင်းတင် လာပြီး ထပ်ကြည့်ပြန်သည်။ ယိမ်းလဲ မာန့်အကြည့်အား ထပ်ပြီးလျစ်လျူရှု မသိချင်ယောင်ဆောင်ရန်မနေနိုင်တော့ချေ။သူ မာန့်အားလှည့်ကြည့်၍ မျက်ခုံးတွန့်ပြကာ

“အဲ့လောက်တောင်ကြည့်ကောင်းလား ”

ဟု‌စနောက်၍မေးလိုက်သည်။ထိုအခါ မာန်က

“ အင်း.. ရှူမငြီးလေ .. ဘယ်လောက်ရှုရှု ငြီးငွေ့မသွားဘူး ”

ယိမ်း ရှက်ကိုးရှက်ကန်းဖြင့်ထရယ် လိုက်မိသည်။
မြောက်ပြောခံလိုက်ရသည်အထင်နှင့်

“ဘာစားချင်လဲ  ”

“ကိုကို့ကို ”

မာန့်က ပါးချိုင့်များပေါ်သည်အထိ ရယ်ပြရင်းပြောလာသည်။ယိမ်းသဘောကျစွာ ရယ်မောလိုက်သည်။ပေါ်လာသွားတက်လေးများကို မာန်က နှစ်လိုဖွယ်ကြည့်ရင်း  အနားသို့ကပ်ကာ ယိမ်းနှုတ်ခမ်းအား ခပ်ဖွဖွလေး လျှပ်တပြတ်နမ်းလိုက်သည်။

ယိမ်း မျက်လုံးများ ခနတာ ပြူးကြောင်သွားသော်လည်း နှုတ်ခမ်းမှာ ပြုံးနေဆဲပေ ။ မာန်နှင့် အလွန်နီးကပ်နေသောကြောင့် အနောက် သို့နဲနဲ ဆုတ်လိုက်ပြီး မာန့်နှာခေါင်း ချွန်ချွန်အား ဆွဲညစ် လိုက်သည်။

“လူလည်လေး ”

ဟုပြောကာ စာကြည့်စားပွဲမှ ထ၍ ရေချိုးခန်းထဲသို့သွားရန်ဟန်ပြင်လိုက်စဥ် ခုံပေါ်တွင် တင်ထားသော နာရီ ဆီသို့ အကြည့်ရောက်သွားသည်။

Way To Say " I Love You  "( Complete )Where stories live. Discover now