Soul Mate - 19

9.8K 411 10
                                    

Unicode

ဘုန်းမာန်ခ အခုချိန်မှာ တေဇဟိန်းကိုသတ်ချင်နေတာဘဲသိတယ်။ဖြစ်နိုင်ရင် တေဇဟိန်းကိုကမ္ဘာပေါ်မှာမရှိခဲ့ဖူးတဲ့လူတစ်ယောက်ဖြစ်အောင် အစဖျောက်ပစ်လိုက်ချင်တယ်။သူရုံးခန်းတံခါးကိုဆောင့်ကန်ဖွင့်လိုက်ပြီး တေဇဟိန်းကို ပြင်းပြင်းထန်ထန် ထိုးလိုက်တယ်။

" ခင်ဗျား ဒါဘာလုပ်တာလဲ ! "

မာန့် မျက်လုံးတွေကဒေါသကြောင့် မီးတောက်လုနီးပါးဖြစ်နေတယ်။ တေဇဟိန်းက " မြင်တဲ့အတိုင်းဘဲလေ " ဟူ၍ မာန့် တစ်ယောက်ဘဲကြားနိုင်တဲ့လေသံနဲ့ပြောလာတယ်။

မာန် အခုချိန်တွေးလိုက်တာ တေဇဟိန်းကို သတ်ပစ်မယ်ဟူ၍ပေ။ သူလက်မြှောက်ကာ ထိုးဖို့ပြင်လိုက်တဲ့အချိန် " မာန် !! " ဟု အလန့်တကြားခေါ်လိုက်တဲ့ယိမ်းအသံကြားလိုက်တာကြောင့် ရပ်သွားတယ်။

ယိမ်းဟန်သာ သူ့ကိုယ်သူတောင် ဘယ်လိုအိပ်ပျော်သွားမှန်းသူမသိပေ။ ကျယ်လောင်တဲ့အသံတစ်ခုကြောင့် နိုးလာပြီးသူ့ရှေ့က လူသစ်ချင်စိတ်လွှမ်းနေတဲ့ မာန့်ကိုတွေ့လိုက်ရတာကြောင့် သူထိတ်လန့်သွားတယ် ။ ပြီးတော့ မာန့်လက်ထဲက တေဇဟိန်းကလဲ သူ့အား အကူညီတောင်းဟန် ကြည့်နေသေးတယ်။

"မာန် !! "

သူဆိုဖာကနေအမြန်ထပြီး ထိုးဖို့ပြင်နေတဲ့ မာန့်လက်တွေကို ဆွဲကိုင်လိုက်တယ်..

" ဒါဘာဖြစ်နေကြတာလဲ "

ယိမ်းမေးလိုက်တော့ တေဇဟိန်းက နစ်နာ‌သူလေသံဖြင့်

" အကို လဲမသိဘူး ဒီကောင်လေး ကအကို့ကို တွေ့တာနဲ့ပြေးထိုးတော့တာဘဲ.. ဒီက ညီလေးအပေါ် အကို အမှားလုပ်ထားတာများရှိလား ?"

ချက်ချင်းလက်ငင်း ဝံပုလွေက သိုးရေကောက်ခြုံလိုက်တာကြောင့် တေဇဟိန်းကို မာန်ပိုပြီးရွံသွားတယ်..

" ခွေးစကား‌မပြောနဲ့ ယောင်္ကျားဆို ယောင်္ကျားစကားပြော!! "

" မာန်! မရိုင်းစမ်းနဲ့ "

ယိမ်းအော်လိုက်တာကြောင့် မာန်ဘာမှဆက်ပြောပေ။

" မာန် .. ကိုကို့ကိုပြော ဘာလို့ အကိုတေဇ ကိုထိုးရတာလဲ "

" အဲ့ကောင်ကိုကို့ ကိုနမ်းလိုက်တာ ကျွန်‌တော် မြင်လိုက် "

Way To Say " I Love You  "( Complete )Where stories live. Discover now