Extra - 2

11.9K 357 10
                                    

Unicode

*Marry me *

ပင်လယ်ကို ဖြတ်တိုက်လာတဲ့ လေပြည်လေညင်းအချို့က ယိမ်းဟန်သာ၏ မျက်နှာပြင်ကို ပွတ်တိုက်သွားတယ်။ ညနေစောင်းဖြစ်တာကြောင့် ကမ်းခြေ၏အငွေ့သက်မှာ အေးစိမ့်စိမ့်ဖြစ်စပြုနေပြီဖြစ်တယ်။ ပင်လယ်အနောက်ဘက်သို့ဝင်သွားတဲ့ ကြေးနီရောင် နေမင်းကြီးဟာလဲ ငြားငြားစွင့်စွင့်နှင့် အလွန်လှပနေတယ်။

" မာန် နဲ့အတူကြည့်ရရင်ကောင်းမှာဘဲ ဒီကောင်လေးဘယ်သွားနေလဲမသိဘူး "

ယိမ်း နှုတ်ခမ်းခပ်ဆူဆူဖြင့် တစ်ယောက်တည်းပြောနေခဲ့တယ်။ မနက်က မာန်က သူ့အားနေရာတစ်နေရာသို့ခေါ်သွားပေးမည်ဟုဆိုကာ ဤသို့သော လူသူအရောက်ပေါက်နည်းသည့် ပင်လယ်ကျွန်းစုတစ်နေရာသို့ ခေါ်လာခဲ့သည်လေ ။ ရောက်သည်နှင့် ခနစောင့်ဟုပြောပြီးထွက်သွားတာ ယခုထက်ထိပေါ်မလာသေးပေ။

ယိမ်းဘေးဘင်ကို စူးစမ်းကြည့်လိုက်တယ် ။ ကျွန်းစုအားဝိုင်းထားသည့် ပင်လယ်မှအပ မည့်သည့်သက်ရှိမျှကို မတွေ့ပေ။ မာန့်ကသူ့အားပစ်သွားတာလား ? ဒါကတော့လုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ရပ်ပေ။ မာန် သူ့ကို မျက်စိအောက်ကတစ်ခနတောင် အပျောက်မခံကြောင်းကို သူအသိဆုံးဖြစ်တယ်။ဒါမှမဟုတ် မာန်တစ်ခုခုများဖြစ်နေတာလား...ယိမ်းကမန်းကတမ်းထရပ်ပြီး မာန့်အားအပြေးရှာရန်ပြင်လိုက်တဲ့အချိန် မလှမ်းမကမ်းကနေလမ်းလျှောက်လာနေတဲ့ မာန့်ကိုတွေ့လိုက်တယ်။လက်ထဲမှာလဲ ပန်းစည်းတစ်ခုကိုင်ထားသေးသည်။

" မောင့် ! ဘယ်သွားနေတာလဲ ကြာလိုက်တာ တစ်ခုခုများဖြစ်နေတာလားလို့ "

ဘုန်းမာန်ခသည် အနားရောက်ရောက်ချင်းယိမ်း၏အေးစက်စက် နဖူးအားအနမ်းပေးလိုက်တယ်။

" အေးနေတာလား အိမ်ထဲဝင်နေတာမဟုတ်ဘူး "

" ဘယ်မှာအိမ်ရှိလို့ ... "

ယိမ်းစကားပင်မဆုံးသေး မာန်ညွှန်ပြသည့်နေရာကိုကြည့်လိုက်တဲ့အခါ တကယ့်ကိုအိမ်လေးတစ်လုံးရှိနေခဲ့သည်။သူခုနက ရှာတုန်းကမတွေ့ပါဘူး ၊ သူဘဲမျက်စီမှောက်နေသလား ။

အီမ်လေးမှာ တစ်ထပ်တိုက်လုံးချင်းဖြစ်ပြီး အရှေ့မျက်နှာစာကို မှန်များဖြင့် ကာရံထားသည်။ အဝင်လမ်းတစ်လျောက်မှာလဲ ကျောက်တုံးလေးများခင်းထားသော လူသွားလမ်းလေးရှိပြီး ဘေးတစ်ဖက်တစ်ချပ်တွင် ရောင်စုံပန်းကလေးများစိုက်ပျိုးထားသေးသည်။ ယိမ်း တစ်ခနလောက်ငေးမောမိသွားတယ် သူ့စိတ်ကူးထဲက ပုံရိပ်လေးအားအပြင်၌ မြင်လိုက်ရသလိုမျိုးပင်..

Way To Say " I Love You  "( Complete )Where stories live. Discover now