Unicode
ယိမ်း မာန့်ရင်ထဲက နေ မာန့်အားအံဩနေဟန်မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။
«မဟုတ်ဘူး ညီအစ်ကို နှစ်ယောက်လုံး မကောင်းဆိုးဝါးတွေချည်းဘဲ »ထိုအခါ မာန်က လဲပြန်ငုံ့ကြည့်လာပြီး
“ ကိုကို လန့်သွားတာလား ”
«ချီးးး မလန့်ဘဲနေမလား ငါ့အရှေ့မှာ သေနတ်ကိုကစားစရာလို လုပ်နေတာကို »ဟု ပြောချင်သော်လည်း ယိမ်းပါးစပ်မှ အသံထွက်မလာပေ။မာန်က ယိမ်းမျက်နှာအားလက်ဖြင့် ကိုင်၍
“ဘာမှ လန့်စရာမလိုဘူး ကိုကို , အခြားဘာမှတွေးမနေနဲ့ သေနတ်ပစ်တတ်တာကလဲ ဥက္ကာ ဆီက ခနငှားပြီး အပျင်းပြေလေ့ကျင့်ဖူးတာ ဘဲရှိတာ အခြား ဥပဒေ နဲ့ ညှိစွန်းတာ ဘာမှမလုပ်ထားဘူး”အသည်းသန်ရှင်းပြလာသည်။
“အေးပါ ငါအခု နားချင်တယ်” ယိမ်းပြောလိုက်သည်။ သူအခုလောလောဆယ် ဒူးတုန်နေသောကြောင့် မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေသည်။ မတ်တပ်ထလိုက်တဲ့အခါ ဒူးမခိုင်ဘဲ ထိုင်ခုံပေါ်သို့ဖင်ထိုင်လျက်ပြန်ပြုတ်ကျလာသည်ကို ဇွဲမာန်ခ မြင်တဲ့အခါ
“ အိမ်တော်ထိန်းက အခန်းပြင်ပေးထားမယ် အဲ့မှာနားလိုက် ”
မာန် က ဇွဲမာန်ခ အားတစ်ချက်ကြည့်၍ အိမ်တော်ထိန်းနောက်အား ယိမ်းအားတွဲ၍ လိုက်သွားသည်။ လမ်းတစ်လျှောက်လုံး အိမ်တော်ထိန်းက မာန့် အား ခနခန လှည့်ကြည့်၍ သူတို့ သူခင်လေးနှင့် အတော်တူကြောင်းပြောလာသည်။
“ ဒီက လူငယ်လေးက သခင်လေးနဲ့ အတော်တူတာဘဲ , သခင်လေး ငယ်ငယ်က ဦးလေးကို သူ့မှာ အကိုရှိကြောင်းခနခန ပြောတယ် သူ့ကို သေချာပေါက်လာရှာမှာဆိုပြီးလဲ အမြဲပြောတာ , မနှစ်က သခင်လေး Boss နေရာကို ဆက်ခံပြီးတာနဲ့ လူငယ်လေးကို သူစရှာတော့တာဘဲ မကြာပါဘူး သူ လူငယ်လေးကို ရှာတွေ့သွားတယ်လေ ဦးလေးထင်ခဲ့တာ လူငယ်လေးကို သူအနားခေါ်ထားပြီး သူနဲ့ အတူနေဖို့ပြောမယ်ထင်တာ ဒါပေမယ့် လူငယ်လေး အဆင်ပြေနေတယ်ဆိုတာသိတော့ သူဘာမှ ဆက်မလုပ်ဘူး , ဘာလို့လဲမေးကြည့်တော့ သူ့အကို သူ့အနားမှာနေရင် အန္တာရယ်များတယ်တဲ့လေ သူကိုယ်တိုင် အန္တာရယ်တွေ ဝိုင်းနေပေမယ့်လဲ ပေါ့
သခင်လေးက သူချစ်တဲ့သူတွေဆို နဲနဲလေးတောင်အထိခိုက်ခံချင်တာမဟုတ်ဘူး သခင်လေးရှင်းခန့်ကိုဘဲကြည့်တော့ အိမ်ထဲက အိမ်ပြင်ကို မထွက်ခိုင်းတော့ဘူး”
YOU ARE READING
Way To Say " I Love You "( Complete )
Romanceဘုန်းမာန်ခ လူ့ဘဝ က ခုနှစ် ဘဝ ရှိတယ်တဲ့ ... ခုနှစ် ဘဝ ဆက်တိုက် ခင်ဗျားရဲ့ soul mate ဖြစ်ရပါစေ လို့ ကျွန်တော်ကျိန်ဆိုတယ်....... ယိမ်းဟန်သာ ချစ်မိသွားရင် အလိုလို ရှုံးရတယ်တဲ့ အဲ့အရှုံးက မင်းဖြစ်နေလို့ ငါကျေကျေနပ်နပ်ကြီးခံယူလိုက်မယ်