Unicode
" ကိုကို.. ကျွန်တော့်ကိုလိမ်တယ်!! "
စာကြည့်ခန်းဟာတိတ်ဆိတ်မှုကြီးစိုးနေပြီး ပြတင်းပေါက်မှလေတိုက်ခတ်မှုကြောင့် စာကြည့်စားပွဲပေါ်မှ စာရွက်များဟာ တဖျက်ဖျက် မြည်သံထွက်နေတယ်။အခန်းထဲမှ လူနှစ်ယောက်မှာလဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိသည်။ သို့သော် ခံစားချက်များမတူညီပေ ။ တစ်ယောက်မှာ ဒေါသကြောင့် မျက်လုံးထောင့်များမှာ ရဲနေပြီး ကျန်တစ်ယောက်မှာ စိုးရိမ်စိတ်ကြောင့် လက်ဖျားလေးတွေတုန်ယင်နေပေသည်။
သူလိမ်တာမာန်ဘယ်လိုသိသွားလဲမသိပေ။သူ့နောက်ကို နောက်ယောင်ခံလိုက်ခိုင်းထားတာများလား ? ဒါလဲမဖြစ်နိုင်ပေ.. မာန်က သူများကို ခိုင်းမယ့်အစားသူကိုယ်တိုင်လိုက်မယ့်သူမျိုး..
" ကိုကို မလိမ်ပါဘူး.. company ကပြန်လာတာဘဲလေ "
" တေဇဟိန်းဆီဘာသွားလုပ်တာလဲ !! "
မာန်က သူ့အား စကားအစ်နေတယ်ဟုထင်လိုက်မိတာကြောင့် ဟန်မပျက်ဆက်လိမ်လိုက်ပေမယ့် မာန့်ဆီက ဒဲ့တိုး မေးခြင်းကိုခံလိုက်ရသည် ။
" ဘယ်.. ဘယ်လိုသိတာလဲ "
" ကျွန်တော်မေးတာဘဲဖြေ ဘာသွားလုပ်တာလဲ "
မာန့်လေသံထဲတွင် ဒေါသရိပ်တဖြည်းဖြည်းသမ်းလာပေမယ့် ယိမ်းကသတိမထားမိသေးပေ။
" ကိုကို့ ဖုန်းကို location hack ထားတာလား?"
" ကျုပ်မေးတာဘဲ ဖြေစမ်းပါ ဘာသွားလုပ်ခဲ့တာလဲ "
အကယ်၍သူထင်သလိုသာဆိုရင် ယိမ်းက လွတ်လွတ်လပ်လပ်နေရတာသဘောကျတဲ့သူဖြစ်တဲ့အလျောက် မာန်က သူ့ privacy ကိုထိန်းချုပ်သလိုဖြစ်နေတာကြောင့် စိတ်ဆိုးမိမှာဆိုပေမယ့်.. မာန့်ရဲ့စိတ်အခြေနေကြောင့်သူအတတ်နိုင်ဆုံးထိန်းချုပ်လိုက်တယ်..
"အရေးကြီး စာရွက်စာတမ်းသွားယူယုံတင်ပါ ကိုကို ကားပေါ်ကတောင်မဆင်းခဲ့ဘူး "
မာန်ကဘာမှဆက်မပြောလာတာကြောင့် စိတ်ငြိမ်လောက်ပြီးထင်၍ အနားကိုသွားလိုက်ကာ မျက်နှာကိုညင်သာစွာကိုင်လိုက်ပြီး မျက်လုံးချင်းဆုံစေလိုက်တယ်။အခုသူပြောမယ့် စကားတွေကရင်ထဲကလာတဲ့ စစ်မှန်တဲ့စကားတွေဆိုတာကို သိစေချင်တယ်လေ..
YOU ARE READING
Way To Say " I Love You "( Complete )
Romansဘုန်းမာန်ခ လူ့ဘဝ က ခုနှစ် ဘဝ ရှိတယ်တဲ့ ... ခုနှစ် ဘဝ ဆက်တိုက် ခင်ဗျားရဲ့ soul mate ဖြစ်ရပါစေ လို့ ကျွန်တော်ကျိန်ဆိုတယ်....... ယိမ်းဟန်သာ ချစ်မိသွားရင် အလိုလို ရှုံးရတယ်တဲ့ အဲ့အရှုံးက မင်းဖြစ်နေလို့ ငါကျေကျေနပ်နပ်ကြီးခံယူလိုက်မယ်