Soul Mate - 7

12K 540 13
                                    

Unicode

ယိမ်း အဖျားအရှင်းမပျောက်သေးသောကြောင့် သူ့အခန်းထဲ ရောက်ရောက်ခြင်း ကုတင်ပေါ်တက်ကာ စောင်ခြုံ၍ ကွေးနေလိုက်သည်။ယိမ်း  မာန် သူ့အား ပြောသောစကားများကို သာ ထပ်ခါ ထပ်ခါ ကြားယောင်နေမိသည်။ သူ ဒီ အသက်ရွယ်အထိ ချစ်သူ ရည်းစား ဟူ၍ မထားခဲ့ဖူးပေ ။ မိန်းကလေးအပေါ်တွင်လဲ စိတ်ခံစားချက်မရှိသကဲ့ သို့ ယောင်္ကျားလေး အပေါ်တွင်လဲ ထိုနည်းတူစွာပင် စိတ်ခံစားချက် မရှိပေ ။ ရည်းစားစကားလဲ မကြာခန ပြောခြင်းခံရ ဖူးပေမယ့်
မာန်သူ့အားပြောသည့် အချိန်တွင် ဖြစ်ပေါ်လာသော ခံစားချက် မျိုး မဖြစ်ပေါ်ဖူးပေ ။

ယိမ်းက ရည်းစားစကား အပြောခံရတိုင်း တစ်ဖက်လူအား မတွေးပေးဘဲ ချက်ခြင်း ငြင်းလေ့ရှိသည်။ သို့သော် မာန် က ပြောသည့် အချိန်တွင် ရှက်စိတ်နှင့် ရင်ခုန်မှူတို့ကြောင့် သူ မာန်ရှိနေသည့် နေရာက နေ ထွက်ပြေးခဲ့မိသည်။အကယ်၍ သူကိုယ်တိုင်လဲ မာန့် အပေါ် ခံစားချကိရှိနေသည်ဆိုလျှင် သူဘာဆက်လုပ်သင့်လဲ ... သူမတွေးတတ်တော့ပေ ..

🎶I feel it coming down she said in my heart and  in my head 🎶

Ph ringtone အသံကြောင့် ဖုန်းအားယူ၍ contact name အားကြည့်လိုက်သည်။

လူပုစိတ်တို ဆို‌သော  name ကြောင့်  ဖုန်းအားမျက်စောင်းထိုး၍ ဖုန်းလက်ခံ ဖြေ လိုက်သည်။

“ဘာလဲ စေ့စပ်ပွဲ ဖျက် ပေးဖို့ပြောမလို့မလား ”

သိင်္ဂီ က အံဩ သွားဟန်ဖြင့်

“ နင်ဘယ်လို သိတာလဲ ”

“အော် မနေ့က ငါနင့် ရုံးခန်းလာတာကို မသိရလောက်တဲ့အထိ နင့် နဲ့ ဟိုကလေးမလေး ချစ်ကြည်နူး တစ်တိတူး နေကြတာလေ .. ဘာလဲ နင်သူ့ကိုလက်ခံလိုက်ပြီလား ”

ယိမ်းက မေးလိုက်သည်။

“အင်း သူ့ဘက်က အကုန်ရင်ဆိုင်ပြီး ငါ့ဆီကို လျှောက်လာမှတော့ ငါ့ဘက်က သတ္တိ နဲနဲလောက်ဖြစ်ဖြစ်မွေးကြည့်မယ်ဆိုပြီးဆုံးဖြတ်လိုက်တာ .. မထင်ထားလောက်အောင်ပျော်ဖို့ကောင်းတယ် ”

ယိမ်းက သိင်္ဂီ အသံနားထောင် ယုံနှင့် သိင်္ဂီ ဘယ်လောက်စိတ်ချမ်းသာပြီးပျော်နေလဲ ခန့်မှန်းမိသည်။ သိင်္ဂီက ဆက်ပြောလာသည်။

Way To Say " I Love You  "( Complete )Where stories live. Discover now