10

645 93 3
                                    

Scroll Down For Zawgyi

အချိန်တွေက တစ်ပတ်ကြာသွားခဲ့ပြီးတဲ့နောက် ဒီနေ့ဟာ အင်္ဂလိပ်စာ အတန်းချိန် နှစ်ချိန်ဆက်တိုက်ရှိနေတဲ့ ဗုဒ္ဓဟူးနေ့ ဖြစ်တယ်။ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာကို ကျောင်းသားတွေက မေ့ပစ်လိုက်ကြပေမယ့် ရှန်းယုံရဲ့ ကျောင်းပြောင်းသွားခြင်း ကိစ္စကိုတော့ အမျိုးမျိုးဝေဖန်ပြောနေကြသေးလျက် ရှိနေတယ်။

'' ရှန်းယုံ ကျောင်းပြောင်းသွားတဲ့ကိစ္စက ရှောင်းကျန့်နဲ့ ဆိုင်နေတယ်လို့ မင်းတို့ထင်လား ''

'' မထင်ဘူး... ရှောင်းကျန့်ကို ဒီမနက်က တွေ့ခဲ့တုန်းက ပုံမှန်ပဲ ''

ဒီစကားသံတွေက ကျောင်းဆောင်ရဲ့ဘေးဘက်က စားပွဲဝိုင်းတစ်ခုဆီက ဖြစ်တယ်။ ရှန်းယုံ ကျောင်းပြောင်းသွားပြီးတဲ့နောက်မှာ ဟန်လု ၊ ကောင်းယွီ နဲ့ ပိုင်ရယ် တို့သာ ကျန်ရစ်ခဲ့ကြတယ်။ ဓာတုဗေဒညီမျှခြင်းတွေ ချရေးနေတဲ့ ပိုင်ရယ်က ရှန်းယုံနဲ့ ရှောင်းကျန့်ရဲ့ကြား ဘာပြဿနာဖြစ်ခဲ့လဲဆိုတာကိုပဲ အဖြေရှာချင်နေတာ ဖြစ်တယ်။

'' ငါကတော့ သူတို့နှစ်ယောက်လုံး အဆင်ပြေဖို့ပဲ မျှော်လင့်တယ် ''

ကောင်းယွီက ဝင်ပြောလာတော့ နှစ်ယောက်လုံးက သက်ပြင်းကိုယ်စီနဲ့။ မနှစ်ကလိုမျိုး သူတို့က ဒီစာသင်မှာ အတူမရှိနိုင်ကြတော့ဘူးလို့ သူတို့တွေးမိလိုက်ကြမှာ ဖြစ်တယ်။ တစ်ကျောင်းတည်းဖြစ်နေတဲ့ ရှောင်းကျန့်ကလည်း ကျောင်းချိန်တော်တော်များများမှာ ဝမ်ရိပေါ်နဲ့သာရှိနေတော့တာလေ။

'' ကောင်းရော...ဒီတစ်ခေါက်ရဲ့သိပ္ပံအတန်းက စာတမ်းမှာ တန်းခွဲဘီက ကျောင်းသူက အမှတ်အများဆုံးရသွားတယ် ... ကျောင်းရဲ့ ဝဘ်ဆိုက်တွေမှာပါ ဖော်ပြသွားဖို့လုပ်နေကြတဲ့အထိ ဆရာတွေက သဘောကျနေကြတယ်တဲ့ ''

ဟန်လုက ကြည့်နေတဲ့ ဖုန်းကိုချပြီး ပိုင်ရယ်တို့ကို အသိပေးသလို ပြောပြတယ်။ အဲ့သည် တန်းခွဲဘီရဲ့ကျောင်းသူက ကောင်းယွီသဘောကျနေတဲ့ ကျောင်းသူဆိုတာကတော့ နောက်ဖြစ်လာတော့မယ့် ပြဿနာရဲ့ အစပဲဆိုတာ ဘယ်သူမှကြိုမမြင်ခဲ့ကြဘူး။

So This Is Love!Donde viven las historias. Descúbrelo ahora